ပျားရည်တစ်တန် ကန်ဒေါ်လာ ၃၀၀၀ အထိဈေးရရှိပြီး ပျားမွေးမြူရေးလုပ်ငန်း ၁၃၀ ကျော်တိုးချဲ့လုပ်ကိုင်လာ

၂၀၂၃ စက်တင်ဘာ ၁၃
    ပြည်တွင်း၌ ပုဂ္ဂလိကပျားမွေးမြူ ရေးလုပ်ငန်းများမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၀၀၀ အထိဈေးရရှိသည့်အ တွက် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်လုပ်ငန်း ပေါင်း ၁၃၀ ကျော်တိုးလာပြီး စုစုပေါင်း လုပ်ငန်း ၉၅၀ ကျော်အထိ တိုးချဲ့လုပ်ကိုင်လာကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
    လက်ရှိတွင် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန အနေဖြင့် ပြည်တွင်းရှိ မြို့နယ် ၃၁ မြို့နယ်၌ အစိုးရပိုင် ပျားမွေးမြူရေးစခန်း ၃၁ ခုကို ဖွင့်လှစ်ထား ရှိပြီး ပျားမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေသလို ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း နည်းပညာများနှင့် ပျားဘုရင်မ မျိုး ကောင်းမျိုးသန့်များကို ပံ့ပိုးကူညီပေးလျက်ရှိသည့်အတွက်ကြောင့် ပျားမွေးမြူရေးလုပ် ငန်းကို မှတ်ပုံတင်လုပ်ကိုင်သူများပြားလာ ကြောင်းသိရသည်။
    ထိုအပြင် ပျားဘုရင်မများကို မျိုး မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်ပမှပျားဘုရင်မ မျိုးကောင်းမျိုးသန့်များဝယ်ယူတင်သွင်းရန် တို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပျားရည်သည် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၌ဈေးကွက် နေရာများရရှိထားပြီး ဖြစ်သည့်အတွက် ဖောက်သည်ဈေးကွက်နိုင်ငံများတွင် ပျားရည်တစ်တန်လျှင် ကန်ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ အထိဈေးနှုန်းရရှိနေပြီး တစ်နှစ် လျှင်တန်ချိန် ၃၀၀၀ အထိ တင်ပို့ရောင်းချ လျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
    အဆိုပါ ပျားမွေးမြူရေးလုပ်ငန်းများမှလည်း နှမ်းပျားရည်၊ ဆီးပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည် စသည့် ပျားရည်အမျိုးအစားများကိုထုတ်လုပ်လျက် ရှိပြီး ပြည်ပကိုတင်ပို့လျက်ရှိကာ ယခင်က မှတ်ပုံတင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သူဦးရေ သည် ၅၀၀ ကျော်ရှိခဲ့ ပြီး ၂၀၂၂-၂၃ဘဏ္ဍာ နှစ်တွင် မွေးမြူသူဦးရေ ၈၂၀ ကျော် အထိရှိ လာခဲ့ကြောင်းသိရှိရသည်။

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43072

© 2022 - 2025 News. All Rights Reserved.