မြန်မာ့ မန်ကျဉ်းသီး  ယူအေအီးနိုင်ငံက  လစဉ် ဝယ်ယူမယ်လို့ ကမ်းလှမ်းမှုရှိ

၂၀၂၃ ဇွန် ၃

မြန်မာနိုင်ငံမှ ထွက်တဲ့  မန်ကျည်းသီးအစို တန် ၅၀၀ ကို လစဉ် ဝယ်ယူတင်သွင်းလိုကြောင်း ယူအေအီးနိုင်ငံမှ ကုမ္ပဏီတစ်ခုက နေ ကမ်းလှမ်းထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ  ကုမ္ပဏီဟာ    ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ Hermab Group ဖြစ်ကာ  မြန်မာနိုင်ငံမှ မန်ကျည်းသီးအစို (Fresh Tamarind) တန် (500) ကို လစဉ်တင်သွင်းလိုကြောင်း ကမ်းလှမ်းလာခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်းက ထွက်ရှိတဲ့  မန်ကျည်းသီးများကို ထိုင်း၊ တရုတ်၊ စင်္ကာပူ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့    နှစ်စဉ် တင်ပို့လျက်ရှိရာ ယခုအခါ ယူအေအီး နိုင်ငံမှ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာတဲ့ အတွက် ဆက်သွယ်ဆောင် ရွက်နိုင်မယ့် ကုမ္ပဏီအမည်စာရင်း၊ လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ အီးမေးလ် လိပ်စာတို့ကို စားသုံးသူရေးရာ ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)ထံသို့ တောင်းခံထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် ယူအေအီး နိုင်ငံကို မန်ကျည်းသီး(Fresh Tama rind) တင်ပို့လိုတဲ့ ကုမ္ပဏီများအနေနဲ့ မိမိကုမ္ပဏီရဲ့အချက်အလက်များအား (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပြုစုကာပေးပို့ရန် အကြောင်းကြားနိုင်ကြောင်းအသိပေးဖော်ပြထားပါတယ်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ပြည်ပသို့တင်ပို့နေတဲ့ မန်ကျည်းသီး (အစေ့ပါ) (၁) တန်လျှင် အရေအသွေးအလိုက် ကန်ဒေါ်လာ (၄၀၀)မှ (၆၀၀) ကြားရှိနေကြောင်း သိရပါတယ်။‌ေ

Total Views ~ 339

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43072

© 2022 - 2025 News. All Rights Reserved.