၂၀၂၄ ဇန်နဝါရီ ၃
နိုင်ငံချော်သမ္မတကြီး စင်မြင့်ပေါ်သို့တက်လာ ပြီး ရှေ့တွင်ထောင်ထားသော အိုင်ဖုန်းဘက်ကို လှည့်၍ လက်ပြနှုတ်ဆက်လိုက်သည်။ နိုင်ငံချော်သမ္မတဆိုတာက အုပ်ချုပ်စရာနိုင်ငံမရှိဘဲ ပြေးလို့ရသည့် နိုင်ငံကို ထွက်ပြေးသွားသဖြင့် နိုင်ငံချော်ထွက်သွားတာကြောင့် နိုင်ငံချော်သမ္မတကြီးဟု ခေါ်တာဖြစ်သည်။ အခုလည်း နိုင်ငံချော်သမ္မတကြီးက ကမ်ဘာ့ပထမဆုံး ထူးထူးခြားခြား မိန့်ခွန်းကို ပြောကြားရန် စင်မြင့်ပေါ်သို့ရောက်ရှိလာခြင်း ဖြစ်သည်။ ထူးထူးခြားခြားဆိုတာကလည်း နိုင်ငံအသီး သီးက သမ္မတများက သက်ဆိုင်ရာပြည်သူတွေကို မိန့် ခွန်းပြောကြားရာတွင် နိုင်ငံပိုင်ရုပ်သံ အသီးသီးကေန တစ်ဆင့်ပြောကြားလေ့ရှိကြသည်။ နိုင်ငံချော်သမ္မတကြီး ကေတာ့ ဖေ့စ်ဘုတ်မှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ် သဖြင့် မိန့်ခွန်းပြောကြားမည့် စင်မြင့်ရှေ့တွင် ဖုန်းတစ် လုံးထောင်ထားခြင်း ဖြစ်သည်။
"မိဘပြည်သူများခင်ညား Viewer 1k ပြည့်တာနဲ့ မိန့်ခွန်းစပြောပါမယ်"
အခြားနိုင်ငံတွေက သမ္မတတွေကတော့ ဘယ်အချိန်၊ ဘယ်ရုပ်သံက မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့် မယ်ဆိုတာမျိုး ကြိုတင်ကြေညာလိုက်ပြီး မိန့်ခွန်းနား ထောင်ချင်သူများက စောင့်နားထောင်ရုံပင်ဖြစ်သည်။နိုင်ငံချော်သမ္မတကြီးကတော့ အွန်လိုင်းဈေးရောင်းသလို Viewer စောင့်ပြီး မိန့်ခွန်းပြောရတာ ဖြစ်တာကြောင့် အွန်လိုင်းထုံးစံအတိုင်း "မိဘပြည်သူများခင်ညာ Like and Share လေးလုပ်ပေးကြပါ Viewer 1k ပြည့်ရင်စပြောပါ့မယ်"ဆိုပြီး ပြောနေရတာဖြစ်သည်။ အချို့ကလည်း အလိုက်ကန်းဆိုးမသိ Live မိန့်ခွန်းမစခင် နိုင်ငံချော် သမ္မတကြီးနာမည် ခေါ်ပေးပါတို့၊ နဂါးပူးပြပါဗျို့တို့၊ ကွမ်းယာရမယ်၊ ဆေးလိပ်ရမယ်တို့ဆိုတဲ့ မြန်မာနည်း မြန်မာ့ဟန် မှတ်ချက်များ ပြုကြလေသည်။ မကြာမီ Viewer 1k ပြည့်သွားပြီး နိုင်ငံချော်သမ္မတကြီးက အွန်လိုင်းဈေးသည်များလို ခေါင်းလောင်းကလေး ကလောင် ကလောင်ဖြင့် "မိဘပြည်သူများခင်ညာ ကျွန်တော်ရဲ့ မိန့်ခွန်းလေး စတင်တော့မှာဖြစ်ပါ တယ်"ဟု ကြေညာ လိုက်သည်။
"လေးစားရပါသော မိဘပြည်သူများခင်ညား။ ကျွန်တော်တို့ရဲ့ သုံးနှစ်တာသက်တမ်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အားရဖွယ်ရာ ဆောင်ရွက်ချက်များကို ပြောရမယ်ဆိုရင်။ ကျွန်တော်တို့ဟာ ပြည်ပကို ထွက်ပြေး သွားပြီးနောက် ပြည်သူလူထုအားကို အားထားပြုနိုင် အောင်ဆိုပြီး နိုင်ငံချော်အစိုးရ အသိအမှတ်ပြု အျပာ ရောင်အမှန် ခြစ်လေးတွေပါတဲ့ ဖေ့စ်ဘုတ် Page မ်ား အလုံးအရင်းနဲ့ ဖွင့်လှစ်ခဲ့ပြီး တိုင်းပြည်တည်ဆောက်ရေးကို ဖေ့စ်ဘုတ်အားကိုးနဲ့ ဆောင်ရွက်ခဲ့ပါ တယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ဖေ့စ်ဘုတ် Page မ်ား တည်ထောင်ခဲ့ပြီး သုံးနှစ်တာအတွင်းမှာ ဖေ့စ်ဘုတ်မှာ စတေးတပ်ပေါင်း ထောင်နဲ့ချီတင်ပြီး လေလှိုင်းပေါ်ကနေ တော်လှန်ရေးကြီးကို တစ္တပ္တအား ပြည်သူနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။ တချို့က ကျွန်တော်တို့ နိုင်ငံချော် အစိုးရကို ပြည်သူနဲ့ မြေပြင်နဲ့ ကင်းကွာနေတယ်လို့ ပြောကြပါ တယ်။ ကျွန်တော်တို့အနေနဲ့ မကင်းကွာချင်ရင် ပြည်သူ လူထုအနေနဲ့ Cb ကိုလာပါလိုပဲ ပြောချင်သလို၊ မက်ဆင်ဂျာကိုလာလို့လည်း ရပါတယ် ချစ်တို့ရေ"
ကလောင် ကလောင် ...
"လေးစားရပါသော မိဘပြည်သူများခင်ညား ကျွန်တော်တို့အနေနဲ့ သုံးနှစ်တာကာလမှာ များသော အားဖြင့် အလှူခံတာနဲ့ဖြတ်သန်းနေပြီး ၂၀၂၁ ခုနှစ်ကို လည်း အလှူခံနှစ်အဖြစ် သတ်မှတ်ကာ နိုင်ငံချော်ဘဏ္႑ာ ရေး ဘတ်ဂျက်ပြည့်မီရေးအတွက် "ငါတို့နိုင်တော့မှာ"ဆိုပြီး ဆော်သြအလှူခံခဲ့သလို၊ ၂၀၂၂ ခုနှစ် တစ်နှစ်လုံး ကိုလည်း "အရံှုးမပေးမချင်း ငါတို့နိုင်တယ်"လို့ ဆိုကာ ထပ္မံ အလှူခံခဲ့ပါတယ်။ ၂၀၂၃ မှာတော့ ကျွန်တော်တို့ အနေနဲ့ အလှူခံအားကိုမြှင့်တင်ဖို့အတွက် "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်"ဆိုပြီး အလှည့်ကျ အလှူခံစနစ်နဲ့ အလှူခံခဲ့တာ ဖြစ်ပါတယ်။ အားလုံးပဲ နှစ်သစ်ကူးကာလမှာ စိတ်ချမ်းမြေ့ပါစေ။ ၂၀၂၄ မွာ လည်း ပြည်သူတွေ အားတက်စရာဆောင်ပုဒ်ကို ရွေး ချယ်စဉ်းစားပြီး အလှူခံသွားမှာဖြစ်လို့ စင်ကာပူက ချစ် တို့နဲ့ အမေရိကားကအမျိုးတွေ လှူဖို့ဆိုရင် ကျွန်တော် တို့ရဲ့ ထောက်ပို့တာ၀န်ခံတွေရဲ့ မက်ဆင်ဂျာကိုသွားဖို့ လိုပါတယ်။ ချစ်တို့အနေနဲ့ သူခိုးလက်ထဲက သူ၀ှက်လု တာ မခံရဖို့ အကောင့်အတုအစစ် သေချာလေ့လာပြီးမှ လှူကြဖို့ သတိပေးလိုပါတယ်။ မိဘပြည်သူတွေလှူတဲ့ ငွေတွေကို ကျွန်တော်တို့ အလဟဿမဖြစ်အောင် ကျွန်တော်တို့ရဲ့ နိုင်ငံချော်အစိုးရအဖွဲ့အနေနဲ့ စား၀တ်နေရေး ရပ်တည်ဖို့အတွက် ဖြေရှင်းနေရသလို မဲဆောက်နဲ့ ဘန် ကောက်မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေ စား၀တ်နေရေးအတွက် တစ္လကို ဘတ် ၃၀၀၀ တန် အိမ်တွေ ငှားပေးထားသလို ဆန်ဆီဖြည့်ဆည်းဆောင် ရွက်ပေးထားပါတယ်။ ဒါတွေကို တော်လှန်ရေးပြီးမှ စာရင်းရှင်းပေးမှာဖြစ်ပြီး အခုလောလောဆယ်တော့ အိမ် ငှားခဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် ထပ်လှူကြပါ ဦးချစ်တို့ရေ"
ကလောင် ကလောင် ...
"လေးစားရပါသော မိဘပြည်သူများခင်ညား၊ ကျွန်တော်တို့ နိုင်ငံချော်အစိုးရအဖွဲ့အနေနဲ့ ဖေ့စ်ဘုတ် မွာ တစ်ခါတလေ အရက်၀ိုင်းပုံတွေ မှားတင်တာဟာ တစ်လှိုင်းပြီး တစ်လှိုင်းလာဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ် လုံးပြီး တစ်လုံးသောက်နေရတာဖြစ်ပါတယ်။ ကျွန်တော် တို့ အစိုးရအဖွဲ့ ၀န်ကြီးတွေအနေနဲ့ တစ်ရက်မှမနားခဲ့ရ ဆိုသလိုပဲ ကျန်းမာရေး၀န်ကြီးကလည်း "ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်၊ နင်တို့ ကြက်ဖရံှုးရံှုး ကြေးဖလားနဲ့ ကြက်ချေးတုံး"ဆိုတဲ့ တော်လှန်ရေးအတွက် အလွန်အားတက်စရာကောင်းသော ကဗျာတွေ စပ်နေရသလို၊ နိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ဘာသာခြားတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ ဖေ့စ်ဘုတ်ပေါ်မှာ ဆု တောင်းစာ စတေးတပ်တွေ ေ၀ေ၀ဆာဆာ ဖော်ပြနိုင်အောင် ကြိုးစားနေတာကို မိဘပြည်သူများအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး၀န်ကြီး ကိုယ်တိုင်လည်း တောထဲကိုသွားရောက်ပြီး တော်လှန်ရေး ဇာတ်လမ်းတိုတွေကို ရိုက်ကူးထုတ်လွှင့်နေသလို D Day ခေါ်ပြီး ပတ်ပြေးနေရတာက လည်း သုံးနှစ်တာအတွင်း ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဒါကြောင့် ချစ်တို့အနေ နဲ့ များများလှူကြဖို့ပဲ လိုပါတယ်။ ချစ်တို့ရေ ...
ကလောင် ကလောင် ...
"လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ညား အခုဆိုရင် ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားနေရပြီဖြစ်ပါတယ်။ တော်လှန်ရေးဟာ မြေပြင်မှာ ဆောင်ရွက်နေတာကြောင့် ကျွန်တော်တို့နဲ့ ပြည်သူဟာ မြေပြင်မှာတစ်သားတည်း ရှိနေတာဖြစ်ပြီး ကျွန်တော်တို့ဟာ အမေရိကန်မြေမှာ ဖြစ်သော်လည်း ကမ်ဘာကြီးဟာလုံးနေတာကြောင့် တစ် မြေတည်းဖြစ်ပါတယ်။ မြေပြင်က ကျွန်တော့်ရဲဘော်တွေ မာလကီးယားနေတာလည်း ကျွန်တော်တို့အနေနဲ့ ဖေ့စ် ဘုတ်ပေါ်ကနေ ၀မ်းနည်းကြောင်း မတင်တာလည်းရင်ထဲမှာ ကျိတ်၀မ်းနည်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန် တော်တို့အနေနဲ့ အလှူခံလို့ရသမျှထဲက တချို့တစ်၀က်ကို ပြန်လှူနေတာကို ဖေ့စ်ဘုတ်ပေါ်က ဖိုတို့ရှော့ အလှူငွေ လက်ခံရရှိကြောင်းစာတွေ ထုတ်ပြန်နေတာ အားလုံး အမြင်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကျွန်တော်တို့ အနေနဲ့ တစ်ဦးကို မြန်မာငွေ ကျပ် ၁၅ သိန်းကျသင့်တဲ့ ကျည်ကာအကျႌတွေ၊ ဦးထုပ်တွေ ထောက်ပ့ံပေးခဲ့ပြီး ပြောဖို့ မေ့သွားတာက ကျည်ပဲကာတာဖြစ်ပြီး ဗုံးတွေ၊ လေယာဉ်နဲ့ လာပစ်တာတွေကိုတော့ ရှောင်ဖို့လိုမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ တစ်ဆက်တည်း ပြောချင်တာကတော့ ကျွန်တော်တို့ မွာထားတဲ့ လေယာဉ်ပစ်ကြီးဟာဆိုရင် အစအနပျောက်နေတာဖြစ် ပြီး အစအနပျောက်နေတဲ့ လေယာဉ်ပစ် ပြန်လည်ရှာ ဖွေရေး ပရောဂျက်အဖြစ် ထပ်မံရေးဆွဲအလှူခံမှာဖြစ်လို့ ချစ်တို့ရေ လှူကြပါဦးလို့ ဒီနေရာက ပြောချင်ပါတယ်"
ကလောင်ကလောင်...
"လေးစားချစ်ခင်ရပါသော မိဘပြည်သူများ ခင်ညား။ ကျွန်တော်တို့ဟာ လေလှိုင်းအစိုးရ မဟုတ် ကြောင်း သက်သေပြဖို့ ဘဏ္႑ာရေး၀န်ကြီးဌာနရဲ့ ပထမခြေလှမ်းအဖြစ် နွေဦးဘဏ်မြေပြင်ဘဏ်ခွဲကို စတင်ဖွင့် လှစ်ထားပြီး လောလောဆယ်မှာတော့ စစ်တပ်ကနယ် မြေစိုးမိုးရေးပြန်လုပ်နေတာကြောင့် ဘဏ်ကိုရက်ပိုင်းနဲ့ ပြန်ပိတ်လိုက်ရပါတယ်။ ဒါကြောင့် ဘဏ်မှာ ရင်းနှီးမြှုပ် နှံမှု အမေရိကန်ဘီလီယံချီ ဆုံးရံှုးခဲ့ရပြီး အများပြည်သူ ယုံကြည်စွာ အပ်နှံထားတဲ့ငွေတွေ ဆုံးရံှုးသွားရပြီ ဖြစ်ပါ တယ်။ စိတ်မကောင်းပါဘူး။ ဒါကြောင့် မကြာခင်မှာ ဆုံးရံှုးမှုတန်ဖိုးကို စာရင်းလိမ်ပြမှာ ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားနေရပြီပဲဲ ဖြစ်ပါတယ်။ တော်လှန်ရေးကြောင့် နိုင်ငံချော်အစိုးရအဖွဲ့၀င်တွေ အေမရိကားမွာ အဆင် ပြေနေကြသလို၊ မဲဆောက်နဲ့ဘန်ကောက်က ၀န်ကြီးတွေ လည်း ဘတ်ငွေတွေနဲ့ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ ဒါ ကြောင့် တော်လှန်ရေးဟာ ကြာလေကောင်းလေဖြစ်သလို အာဏာကို နောက်တစ်ကြိမ်လောက် ထပ်ထိန်းလေ ကျွန်တော်တို့ နိုင်ငံချော်အစိုးရကြီး ပိုအခြေအနေကောင်း လေဖြစ်ပါတယ်လို့ သုံးနှစ်တာကာလ ဆောင်ရွက်ချက် မ်ားကို အစီရင်ခံတင်ပြလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ရန်ကုန်မှာပြန်ဆုံချင်ပေမယ့် ရန္ကုန္က ရာသီဥတုပူတာကြောင့် အမေရိကန်မှာ အေး အေးဆေးဆေးနေပြီး အလှူခံပါဦးမယ်လို့ ပြောကြားလို ပါတယ် ချစ်တို့ရေ ..."ကလောင် ကလောင်
ထူးမြတ်
TREND News ဂျာနယ် အတွဲ(၂) အမှတ် (၅၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။