ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို မိခင်နိုင်ငံကိုလွှဲပြောင်း

ရန်ကုန်၊ အောက်တိုဘာ  ၂
    အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်)လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးအဖွဲ့ အစည်းများကြား သတင်းဖလှယ်ဆောင်ရွက်ကာ ဖော်ထုတ်ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားတရားခံ ၃၁၃ ဦးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
    မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက် ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး စုစုပေါင်းတရားခံ ၈၇၀ တို့နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် ှခော စက်များအား သိမ်းဆည်းရမိခဲ့သဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
    ဖမ်းဆီးရမိသော တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ယူနန်ပြည်နယ် ရွှေလီမြို့ရှိနယ် စပ်ဝင်ထွက်ပေါက်မှတစ်ဆင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
    ဒုစရိုက်မှုများ အခြေပြုဆောင် ရွက်လျက်ရှိသည့် အဆောက်အအုံများကို လည်း ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း တရားစွဲတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစား လုပ်ငန်းများ တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ မှ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ ထူးမြတ်

Total Views ~ 380

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43261

© 2022 - 2025 News. All Rights Reserved.