ကျောက်ကြီးမြိုနယ်၌ လုံခြုံရေး ပူးပေါင်းအဖွဲအား KNUသောင်း ကျန်းသူ/အကြမ်းအုပ်စု PDF ပူးပေါင်းအဖွဲက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့စစ် ၁ ဦး၊ အရပ်သား ၃ ဦး သေဆုံးကာ ပြည်သူ့စစ် ၁ ဦး၊ အရပ်သား ၂၀ ဦး ဒဏ်ရာရ

၂၀၂၃၊ဇန်နဝါရီ ၃ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြိုနယ် ပြည်သူ့ဆေးရုံ၌ သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲက သွားရောက်စစ်ဆေးရာ ဇန်နဝါရီ (၁) ရက် ည( ၁၀) နာရီတွင် ကျောက်ကြီးမြိုနယ် ပဲခူးရပ်ကွက်အတွင်း၌ လုံခြုံရေး  တပ်ဖွဲဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နှင့် ကပ်လျက်ရှိ ကျောက်ခဲကြီး ကျေးရွာရှိ ဒေါ်မြနှစ်၏ နာရေးအိမ်အနီး အရောက်၌ KNU သောင်းကျန်းသူ အကြမ်းဖက် အုပ်စု PDF ပူးပေါင်းအဖွဲက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာမှ ထိတွေ့မှုဖြစ်ပွားခဲ့ သဖြင့် လခရပူးပေါင်းအဖွဲမှ ဦးဂစ်တို နတ်သံကွင်း ပြည်သူ့စစ် ၊ နတ်သံကွင်း (၆)ရပ်ကွက် ကျောက်ကြီးမြိုနယ်နေသူတွင် ဝဲလက်မောင်း/ဂျိုင်းအောက် ဖောက်ဝင် ဒဏ်ရာ ၂ ချက် ဖြင့် သေဆုံးခဲ့ပြီး နာရေးအိမ်၌ ရောက်ရှိနေသူများဖြစ်သည့် ဦးအောင်ကျော်စိုး (၃၆)နှစ်၊ ဦးမင်းအောင် (၄၄)နှစ်နှင့်ဒေါ်ခင်မျိုးနွယ်(၄၁)နှစ်တိုမှာ  ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ဦးသိန်းဦးလှိင်၊ ဇင်ထူးအောင်(ခ)အာမေတိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို လည်းကောင်း၊ ဖိုးစနေ၊နွေဦးအောင်၊ ဦးမင်းသူ၊အယ်ကညော်ထူးတိုအား တောင်ငူမြိုနယ်ပြည်သူ့ဆေးရုံသိုလည်းကောင်း၊ ပြည့်ဖြိုးအောင်နှင့် ဦးခင်မောင်ထွေးတိုအား မဆရ (၃) တောင်ငူသို လည်းအောင်သက်လွင် ကောင်း အသီးသီးလွှပြောင်းပိုဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်မှ နောက်ထပ်ဒဏ်ရာရရှိသူ ၄ ဦးကို ကျောက်ကြီးမြိုနယ်ပြည်သူ့ဆေးရုံသို ရောက်ရှိ၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.