ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံ ကမ်းခြေများကို ၂၀၂၄ ခုနှစ်တွင် ခရီးသွား ၁၈ သိန်းကျော် ဝင်ရောက် ၂၀၂၃ ခုနှစ်ထက် ပိုမိုခဲ့

နေပြည်တော်၊ ဇန်နဝါရီ ၈
    ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများကို ၂၀၂၃ ထက် ၂၀၂၄ ခုနှစ်တွင် ခရီးသွားများ ပိုမိုဝင်ရောက်ခဲ့ပြီး နှစ်သစ်ကူးရုံးပိတ်ရက်များတွင်လည်း ခရီးသွားအများအပြား ရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 
    ၂၀၂၃ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးသို့ ခရီးသွားဝင်ရောက်မှု ၁၆ သိန်းကျော်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ခရီးသွား ၁၈ သိန်းကျော်ရှိကာ ခရီးသွားဝင်ရောက်မှုကို နှိုင်းယှဉ်ကြည့်ပါက ခရီးသွားများ ပိုမို ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာ ဝန်ရှိသူက ပြောသည်။ 
    "ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၁ ရက် ၂၀၂၅ အထိ ဒီဇင်ဘာ ရုံးပိတ်ရက် ငါးရက်မှာ ခရီးသွားဝင်ရောက် မှုတွေက ပုသိမ်မြို့ပေါ်ကို ဝင်ရောက်တည်းခိုတဲ့ ခရီးသွားက ၃၅၀၀ ကျော်ရှိပါတယ်။ ငွေဆောင်ကမ်းခြေကိုတော့ ၁၈၀၀၀ ကျော်လောက် ဝင်ရောက် တည်းခိုခဲ့ပါတယ်။ ချောင်းသာ ကမ်းခြေကို အားလုံး ၁၆၀၀၀ ကျော် ဝင်ရောက် တည်းခိုခဲ့ပြီးတော့ ရွှေသောင်ယံကို ၆၈၀ ဝင်ရောက် တည်းခိုခဲ့တာကြောင့် စုစုပေါင်း ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ဒီဇင်ဘာ ရုံးပိတ်ရက် ငါးရက်အတောအတွင်းမှာ အားလုံးစုစုပေါင်း ဝင်ရောက်တည်းခိုမှုက ၄၀၀၀၀ နီး ပါးလောက် ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အားလုံး ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ ဧရာဝတီတိုင်းဒေသကြီး ထဲကို ဝင်ရောက်တည်းခိုခဲ့တဲ့ ခရီးသွားက ၁၆ သိန်းကျော်ရှိတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအကုန် အထိပေါ့။ ခရီးသွားဝင်ရောက် တည်းခိုမှုက ၂၀၂၄ မှာဆိုရင် ၁၈ သိန်းကျော်လောက် ရှိပါတယ်။ ဒါကြောင့်မို့ ခရီးသွားဝင်ရောက် တည်းခိုမှုက ၂၀၂၃ နဲ့ ၂၀၂၄ ယှဉ်ရင် ၂၀၂၄ မှာ ဧရာဝတီတိုင်း ဒေသကြီးကို ခရီးသွားဝင်ရောက်မှု ပိုမို ရောက်ရှိခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။ 
    ငွေဆောင်ကမ်းခြေဒေသရှိ လှပသော ရေအောက်သယံဇာတများကို စနစ်တကျ ထိန်းသိမ်းပါက ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ပြီး ငွေဆောင် ကမ်းခြေမှတစ်ဆင့် လိပ်ကျွန်း၊ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း ဘုရားသုံးဆူနှင့် မိုးမခ ဆင်စခန်းများသို့ သွားရောက် လည်ပတ်နိုင်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43389

© 2022 - 2025 News. All Rights Reserved.