တောင်သာမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF များထောင်ထားသည့် လက်လုပ်မိုင်း ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၃ ၊ မတ် ၁၁ 
ယမန်နေ့ (မတ် ၁၀) နံနက် ၁၁နာရီ ၅၅  မိနစ်အချိန် မြင်းခြံခရိုင် တောင်သာမြို့နယ်၏ အနောက်ဘက် ၄ မိုင်ခန့်အကွာ ကျောက်ပုံကျေးရွာအနီး တောင်သာ-မလှိင်သွားကားလမ်းမိုင်တိုင်(၃၃/၆-၇)ကြား မြင်းခြံ-မိတ္ထီလာသွားရထားသံလမ်းကူး၌ အကြမ်းဖက်အုပ်စု PDF များမှ လက်လုပ်မိုင်းများထောင် ထားကြောင်းသတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲက  သွားရောက်စစ်ဆေးရာ အဆိုပါ သံလမ်းကူး၌ထောင်ထားသည့် လုံးပတ် ၄ လက်မခန့်ရှိ ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၄ လုံး၊ Remote Circuit Board ၁ ခု၊ ဘက္ထရီအိုး ၁ လုံးတိုအားသိမ်းဆည်းရရှိခဲ့‌ကြောင်း သိရသည်။

အဆိုပါလက်လုပ်မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သံလမ်းကူးဘေးရှိမြေကွက်လပ်၌ ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် တရားခံဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 416

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43090

© 2022 - 2025 News. All Rights Reserved.