ပုသိမ် ၊ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများဆူပူအကြမ်း ဖက်မှုဖြစ်ပွားခဲ့ပြီး အချုပ်သား ၁ ဦးသေဆုံးခဲ့ကာရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အ ကျဉ်းဦးစီးဝန်ထမ်း ၉ ဦးနှင့်အကျဉ်းသား၊ အချုပ်သား ၆၃ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာပုသိမ်မြို့အကျဉ်းထောင်အတွင်းရှိ အိပ် ဆောင်တစ်ခုမှအကျဉ်းသား၊ အချုပ်သား ၇၀ ဦးခန့်သည် ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းတွင် အိပ်ဆောင်ဝန်းတံခါးများကိုချိုးဖျက် ဖျက်ဆီးခြင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို အော် ဟစ်ဆဲဆိုခြင်း၊ မချေမငံပြောဆိုခြင်း၊ ရန်မူရန် ကြိုးပမ်းလာခဲ့သ ဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက မိမိအ ခန်းများသို့ အသာတ ကြည် ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲဆက်လက် အော်ဟစ် ဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊အချုပ်သားအချို့ကလည်း၎င်းတို့၏အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အ ကျဉ်းထောင်အတွင်းရှိ စည်း ကမ်းထိန်းရုံးသို့ သွားရောက် ရန်မူရန်ကြိုးစားလာကြပြီး ပထမဆူပူမှုဖြစ်ပွားနေသည့်အဆောင်ရှိ အ ကျဉ်းသား၊အချုပ်သားများနှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများကိုအရှိန်မြှင့် ဆောင်ရွက်လာကြကြောင်း သိရသည်။

ထိုသို့ ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အ ခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်း၊ အကျဉ်းဦးစီး ဌာန၊ညွှန်ကြားရေးမှူး ဦးစီး၍ တာ ဝန်ရှိသူဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲ တပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်း ထောင်အတွင်းသို့ ဝင်ရောက်ကာ အကျဉ်း သား၊အချုပ်သားများအား လူစုခွဲရန် ထပ်မံပြောကြားဖျောင်း ဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲအိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်မူတိုက် ခိုက်လာကြသဖြင့် ဆက်လက်ဖျောင်းဖျရန် အခြေ အနေမရှိတော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိက ရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်ပြီး ဒုတ်/ဒိုင်းများ အသုံးပြုနှိမ်နင်းခဲ့ရကြောင်း၊ ဆူပူအကြမ်း ဖက်မှုကိုထိန်းသိမ်းနေစဉ် အကျဉ်း သား၊ အချုပ်သားများအနေဖြင့် ၎င်းတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားထိုးကြိတ် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များ ၏ ထိန်း သိမ်းမှုကြောင့် ယနေ့၁၁နာရီခွဲအချိန်ခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရှိရသည်။
အထက်ပါဖြစ်စဉ်အရ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာနမှဝန်ထမ်း ၉ ဦး၊ ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦးမှာ ၎င်းတို့ အချင်းချင်း ၁ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ဖြစ်စဉ်ပါပဏာမစိစစ်မှုအရ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် အကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်း ၁လုံးအား ရှာဖွေသိမ်းဆည်းရမိမှုအပေါ် လိုအပ်သလို အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေစဉ်၎င်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိခြင်း၊ အချင်း ချင်းမြှောက်ပင့်၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင်ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။