နေပြည်တော်၊ ဇူလိုင် ၃၁
ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် အိမ်ထောင်စု ၆၂၅၄၊ လူဦးရေ ၂၅၀၄၃ အား ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ဇူလိုင် ၂၈ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ်၊ ခေတ္တတပ်နယ်မှူးတို့နှင့်အတူ ပဲခူးမြို့တွင်း ရေဝင်ရောက်မှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ ပဲခူးမြစ်ရေဘေးကာ ကွယ်ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ်ဆောင်ရွက်နေမှုများ ပြုလုပ်လျက်ရှိပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များ ကြိုတင်စုပုံထားရှိခြင်း၊ ရေတားတာတစ်လျှောက် ရေကင်းများစနစ်တကျထားရှိခြင်း၊ ဖြစ်ပေါ်လာ နိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအားတွက်ဆ၍ လူအသင့်၊ စက်ရေယာဉ် အသင့်၊ ပြောင်းရွှေ့ပေးရန် မော်တော်ယာဉ်အသင့်ထား၍ ရေဘေးကာကွယ် ရေးတာများ၏ ကြိုတင်ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပါဝင် သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ၂၈ ဒသမ ၈၇ ပေ၊ ၈၈၀ စင်တီမီတာ အထက်သို့ လေးပေခန့် စင်တီမီတာ ၁၂၀ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ထားသည်။