ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် စည်ကားစွာ ကျင်းပမည်

၂၀၂၃၊ အောက်တိုဘာ ၁၆
    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မေမြို့တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို စည်ကားစွာ ကျင်းပသွားမည်ဖြစ် သည်။
    နှစ်စဉ် တန်ဆောင်မုန်းလပြည့် ရက်များတွင် ကျင်းပသည့်အတိုင်းလာမည့် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက် တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်သည်။
    ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားအနီး တန်ဆောင်တိုင်ကွင်းတွင် ကျင်းပမည်ဖြစ်ကာ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲများ နှင့် ညမီးကျည် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပ သွားမည်သည်။
    ထို့အပြင် ဆီမီးပူဇော်ပွဲ၊ အခြား ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဇာတ်ပွဲများ၊ ဈေးဆိုင်တန်းများနှင့် သီဆို ဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပ မည်ဖြစ်သည်။
    မီးပုံးပျံပွဲတော် ယှဉ်ပြိုင်ရာတွင် အဖွဲ့များသည် လူဦးရေရာချီ၍ ပါဝင်ယှဉ် ပြိုင်ရကာ နေ့စဉ် လူဦးရေ တစ်သိန်းခန့် လာရောက်လည်ပတ် ကြည့်ရှုအားပေးကြကြောင်း မဟာအံ့ထူးကံသာ ဘုရားဂေါပက အဖွဲ့မှ ပြောသည်။
    ပွဲတော်ကို ယခုနှစ်တွင် (၁၇) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး  ကိုဗစ်ကပ် ရောဂါနှင့် သုံးနှစ်မကျင်းပဘဲ ခေတ္တရပ်နား ထားခဲ့ရသေးသည်။

Total Views ~ 407

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43093

© 2022 - 2025 News. All Rights Reserved.