မန္တလေးနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်များ ဖျော်ဖြေမည်

၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
    လာမည့် ဒီဇင်ဘာ ၃၁ ရက် မန္တလေးမြို့ နှစ်သစ်ကူးပွဲတော်တွင် နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်များ လာရောက်ဖျော်ဖြေကြမည်ဟု သိရသည်။
    အဆိုပါ ဖျော်ဖြေပွဲတွင် ဂျက်မြသောင်း၊ ထူးအယ်လင်း၊ သားစိုး၊ မယ်လိုဒီ၊ ဆူဇီ၊ ဇော်ကို၊ မီးနို၊ ထွန်းရတီ၊ ဂေဂေး၊ ကေကေမိုး၊ ဇာနည်အောင်တို့ သီဆိုဖျော်ဖြေကြ မည်ဖြစ်ပြီး မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်း၊ DJ များဖြင့် တွဲဖက် ဖျော်ဖြေ တင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။
    ပွဲတော်ကို မန္တလေးမြို့ ကျုံးအရှေ့ တောင်ထောင့်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီ မှစ၍ ကျင်းပမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆိုသည်။
    ထို့ကြောင့် ပွဲတော်ကျင်းပစဉ်အတွင်း ညနေ ၆နာရီမှ ပွဲပြီးသည်အထိ ခေတ္တလမ်းအချို့ ပိတ်မည်ဖြစ်ရာ ၂၄ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၅ လမ်းဆုံ၊ ၂၇ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၈ လမ်းဆုံတို့ကို ယာဉ်သွားလာခွင့် ယာယီပိတ်သွားမည်ဖြစ်သိရသည်။
    အလားတူ ၁၉ လမ်းနှင့် ၆၆ လမ်း ဆုံ၊ ၂၆ လမ်းနှင့် ၆၂ လမ်းဆုံ၊ လမ်း ၃၀ နှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၇၃ လမ်းဆုံတို့တွင် လမ်းလွှဲပြုလုပ်ထားမည်ကာ ပွဲတော်လာယာဉ်များ၊ အဆိုပါ ရပ်ကွက်နေ ယာဉ်များသာ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး  ခွင့်ပြုရာတွင်လည်း ပွဲတော်ကျင်းပမည့်  ၂၆ လမ်းနှင့် ၆၆ လမ်းဆုံအား ဖြတ်သန်းခွင့်ပြု မည်မဟုတ်ဘဲ အခြားလမ်းလွှဲမှ ဖြတ်သန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့ စည်ပင် သာယာရေးကော်မတီမှ ပြောထားသည်။

Total Views ~ 371

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43270

© 2022 - 2025 News. All Rights Reserved.