လူသားရင်းမြစ်တိုးရန် ကောလိပ်များ၊ တက္ကသိုလ်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တိုးချဲ့ ဖွင့်လှစ်သွားမည်

ရန်ကုန်၊ မေ ၁၄
    ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသများတွင် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကောလိပ်များ၊ တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရှမ်းပြည်နယ်(အရှေ့ပိုင်း) သည် ပညာရေးနှင့် ပတ်သက်၍ အားနည်းသည့် ဒေသတစ်ခုဖြစ်ပြီး ယခင်ကတည်းကပင် အားပေးဆောင်ရွက်နေရသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရေးကို အလေးထား သင်ယူကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘများကလည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန်လို ကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူ သွားနိုင်ရေး သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပြော ကြားသည်။ 
    ဆက်လက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက် နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရန် ပညာရေးကိုအားပေး ဆောင်ရွက်ကြနှင့် ဒေသစီးပွားရေးအတွက် မွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ ထိုထုတ်ကုန်ပစ္စည်းများရရှိအောင် ဆောင်ရွက်၍ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသဝင် ငွေတိုးပွားလာပြီး လူမှုစီးပွား ဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တာကြောင့် ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံ များကို ခေတ်မီနည်းစနစ်များအသုံးပြု စိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43071

© 2022 - 2025 News. All Rights Reserved.