ဟိုတယ်/ခရီးသွားပိုင် အဆောက်အအုံ/အခန်း/မြေ ၁၆၀ ကျော်ကို ပြည်တွင်းလုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၅
    ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အဆောက်အအုံ/အခန်း/မြေ ၁၆၀ကျော်ကို ပြည်တွင်းလုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းရန် တင်ဒါဖိတ်ခေါ်ထားသည်။
    အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည့် ဌာနပိုင်အဆောက်အအုံ/အခန်း/မြေများတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေသုံးခု၊ ကရင်ပြည်နယ်ငါးခု၊ စစ်ကိုင်းတိုင်း ဒေသကြီးရှစ်ခု၊ တနင်္သာရီတိုင်းဒေသကြီး လေးခု၊ ပဲခူးတိုင်းဒေသကြီး ၃၈ ခု၊ မကွေးတိုင်းဒေသကြီး လေးခု၊ မန္တလေးတိုင်းဒေသကြီး ၂၅ ခု၊ မွန်ပြည်နယ်ကိုးခု၊ ရခိုင်ပြည်နယ်လေးခု၊ ရန်ကုန်တိုင်းဒေသကြီးမှ ၆၃ ခု၊ ရှမ်း ပြည်နယ်မှ သုံးခုတို့ ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
    အိတ်ဖွင့်တင်ဒါခေါ်ယူမည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဌာနပိုင်အဆောက်အအုံ၊ အခန်း၊ မြေနှင့် ပတ်သက်သည့် အချက်အလက်များ၊ တင်ဒါစည်းမျဉ်း စည်းကမ်းများကို ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရယူလေ့လာနိုင်ကြောင်းသိရပြီး တင်ဒါပေးသွင်းလိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါဈေးနှုန်း တင်သွင်းရန် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
    စိတ်ပါဝင်စားသူများသည် သက်ဆိုင်ရာရုံးခွဲများတွင် ဇန်နဝါရီ ၁၄ ရက်မှ စတင်၍ ဈေးနှုန်း အဆိုပြုလွှာ ပုံစံများကို ထုတ်ယူနိုင်ပြီး ဇန်နဝါရီ ၂၇ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးနှုန်းနှင့်အချက်အလက်များ ပြည့်စုံစွာဖြင့် တင်ဒါပေးသွင်းနိုင်ရန်လည်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက အသိပေးထားသည်။  နဒီ

Total Views ~ 126

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43103

© 2022 - 2025 News. All Rights Reserved.