၂၀၂၃ ၊ မတ် ၁၆
နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၂၀) ခုကို လိုင်စင်ရုပ် သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ် ပေးထားသည့် အဆိုပါ နိုင်ငံခြားငွေများဝယ်ညယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၂၀) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားသောအမိန့်နှင့်ညွှန် ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံ ခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ မတ်လ ၁၄ ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီ (၂၀) ခုမှာ-
Oake Khaung Travels & Tours
ကုမ္ပဏီ၊Senjo Royal Myanmar ကုမ္ပဏီ၊ Dawei Popular ကုမ္ပဏီ၊Zam Myo ကုမ္ပဏီ၊Phyo Thet (PT) ကုမ္ပဏီ၊Sky Bound ကုမ္ပဏီ၊Myanmar MCG Corporation ကုမ္ပဏီလီမိတက်၊Htwe and Htwe Family ကုမ္ပဏီ၊Won Won ကုမ္ပဏီ၊United Eleven ကုမ္ပဏီ၊Tun Yama ကုမ္ပဏီ၊Myanmar Alinkar Hotel Group ကုမ္ပဏီ၊ Cartel ကုမ္ပဏီ၊Super Phoneix ကုမ္ပဏီ၊ Golden Falcon Shipping ကုမ္ပဏီ၊ Fairness Travels & Tours ကုမ္ပဏီ၊Yadanar Bon Travels & Tours ကုမ္ပဏီ၊ Myanmar National Airlines ကုမ္ပဏီ၊ Dewant Financial Loan Microfinance ကုမ္ပဏီ၊ Treasure Su ကုမ္ပဏီ တို့ဖြစ်သည်။