Breaking

'စောင့်ပက်' သီချင်းနှင့် 'စကားလေးတစ် ခွန်းပဲဖြေချစ်လား' တေးသီချင်းဗီဒီယိုနှင့် ပတ်သက်သည့် သက်ဆိုင်သူများအား  အမှုဖွင့်

ရန်ကုန် ၊ဧပြီ ၃၀
    မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ် လွှင့်ပြသခဲ့သည့် 'စောင့်ပက်' တေးသီချင်း ဗီဒီယိုနှင့် 'စကားလေးတစ်ခွန်းပဲဖြေ ချစ်လား' တေးသီချင်းဗီဒီယိုတို့နှင့် ပတ်သက်သည့် သက်ဆိုင်သူများအား ဥပဒေနှင့်အညီ  အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
    လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်ဖြစ်သည့် သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသား ဖန်တီးမှုများဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရား ကင်းမဲ့သော ဝတ်စားဆင်ယင်မှုများဖြင့်လည်းကောင်း၊ အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် 'စောင့်ပက်'တေးသီချင်းဗီဒီယိုနှင့် 'စကားလေးတစ်ခွန်းပဲဖြေ ချစ်လား'တေးသီချင်းဗီဒီယို တို့နှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်ကြားရေးဝန် ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေ၊ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
    တေးသီချင်းဗီဒီယို ရိုက်ကူးထုတ် လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိ စေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့ သော တေးသီချင်းဗီဒီယိုများကို လူမှုကွန် ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့် နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက် စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကိုဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သည်။
    ထို့ကြောင့် ရုပ်ရှင်နှင့်ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိသြတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူး ထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေး ကြေညာအပ်ပါသည်။ ထို့အပြင် ဘီယာဗိုက်အမည် တေးသီချင်း ဗီဒီယိုရိုက်ကူးထုတ်လွှင့် မှုတွင်ပါဝင်သည့် အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင် သူများကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ-၃၃(က)ဖြင့် အမှုဖွင့်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43930

© 2022 - 2025 News. All Rights Reserved.