Breaking

(၁၆) နှစ်နှင့်အထက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ  သင်တန်းသားသစ်များခေါ်ယူ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
    အသက် (၁၆) နှစ်နှင့် အထက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန စင်ကာပူ 'မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) မှ သင်တန်းသားသစ်များ ခေါ်ယူထား သည်။
    လျှောက်ထားသူသည် သင်တန်းကာလခြောက်လကို ပြီးဆုံးသည့်အထိ တက်ရောက်ရမည် ဖြစ်ပြီး၊ အောင်မြင်ပါက သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြု၊ အောင်လက်မှတ် (Certificate) ရရှိမည် ဖြစ်ပြီး ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ Hospitality & Tourism & Engineering & Technology ဘာသာရပ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသား၊ သင် တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
    နည်းပညာနှင့် သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်း မွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သော လုပ်ငန်းခွင်သို့ ဝင်နိုင်မည့် သင်တန်းသား၊ သင်တန်းသူများကို ဦးစားပေးမည်ဟု သိရပြီး လျှောက်ထားရာတွင် တက္ကသိုလ်ဝင် တန်းအောင်မြင်ကြောင်း အောင်လက်မှတ် မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်စ်ပို့ ဓာတ်ပုံတစ်ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်း၊ ရဲစခန်း ထောက်ခံစာမူရင်းတို့နှင့်အတူ ပူးတွဲလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။
    သင်တန်းဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ် မေလ ၂ ရက်ဖြစ်ပြီး သင်တန်းနေရာ ရန်ကုန်တိုင်းဒေသကြီး။ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း ဖြစ်သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ Course for Hospitality & Tourism (12th Batch)1. Front Office Operations 2. Housekeeping Operations 3. Restaurant Operations  နှင့် Courses for Engineering & Technology (11th Batch) 1. Electrical Technology 2. Electronics 3. Residential Air-Condit-ioning 4. Building Fixtures and Equipm-ent 5. Mechatronics (Basic Servicing) 6. General Welding တို့ဖြစ်ကြောင်း သိရသည်။

Total Views ~ 161

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43974

© 2022 - 2025 News. All Rights Reserved.