ရန်ကုန်၊ စက်တင်ဘာ ၁၈
မြန်မာ့လက်ရွေးစင် ယူ-၂၄ အ သင်းသည် (၁၉)ကြိမ်မြောက် အာရှအားက စားပွဲတော် Asian Games 2022 Hangzhou အမျိုးသားဘောလုံးပွဲစဉ်များ ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံ ဟန်ကျိုးမြို့သို့ ရောက်ရှိပြီး နောက် ပထမဆုံးလေ့ကျင့်မှုကို စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် စတင်ပြုလုပ်ခဲ့ကာ မြန်မာ အသင်းအနေဖြင့် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲအုပ်စု(က)တွင် အိမ်ရှင် တရုတ်၊ ဘင်္ဂလား ဒေရှ့်၊ အိန္ဒိယတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိ ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbeiner သည် တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် (၁၉) ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲအတွက် အပြီး သတ်ကစားသမား ၂၂ ဦးစာရင်းအား ထုတ်ပြန်ကြေညာခဲ့ပြီး Asian Games ပြိုင်ပွဲသည် FIFA (A) အဆင့် ပြိုင်ပွဲမဟုတ်သဖြင့် ပြည်ပကလပ်အသင်းများမှ ကစားသမားစေလွှတ်ခြင်းမရှိရာ အသက်မီသည့် မလေးရှားလိဂ်မှ မြန်မာယူ-၂၃ ရှေ့ တန်းလူ ဟိန်းထက်အောင် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။ ထို့အပြင် အသက်(၂၄) နှစ်အထက် ကစားသမားသုံးဦးအဖြစ် ပြည်တွင်းမှ ရန်ကျော်ထွေး၊ ရန်နိုင်ဦး၊ နေမိုးနိုင်တို့ ရွေးချယ်ခံခဲ့ရသည်။
ဂျာမနီနိုင်ငံသား နည်းပြချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းမှ ကစားသမားအချို့ ပြန်လည်ခေါ် ယူခဲ့ပြီး ကျန်အသက်မီသည့် ထက်ဖြိုးဝေ၊ ဝေလင်းအောင်၊ ဟိန်းဇေယျာလင်းတို့အပါ အဝင် ပြည်တွင်းကလပ်များမှ ယူ-၂၄ ကစားသမားများဖြင့် အသင်းအား ပေါင်းစပ်ဖွဲ့စည်းထားသည်။
မြန်မာယူ-၂၄ အသင်းသည် Asi-an Games ဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်များအဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်တွင် အိမ်ရှင်တရုတ် အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်တွင် အိန္ဒိယအသင်းနှင့် လည်း ကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စုခြောက်အုပ် ရှိပြီး အုပ်စုပထမ နှင့် ဒုတိယနှစ်သင်းစီနှင့် အကောင်းဆုံးအုပ်စု တတိယလေးသင်း၊ စုစုပေါင်း ၁၆ သင်းရှုံးထွက် အဆင့်တက်ရောက်မည်ဖြစ်သည်။
မြန်မာယူ - ၂၄ အသင်းသည် စက်တင်ဘာ ၁၉ ရက်နေ့ ညနေ့က ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ကစားရာ တစ်ဂိုး ဖြင့် ကပ်အနိုင်ရခဲ့သည်။