၂၀၂၃ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ် ကျောင်းသားဟောင်းများအသင်းမှ ဦးစီးကျင်းပသည့် (၆)ကြိမ်မြောက် ထိုင်းတက္က သိုလ်ပေါင်းစုံ ပညာရေးပြပွဲ Thailand Edu-cation Fair(Myanmar) 2023 အား ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီမှစတင်ကာ ညနေ ၄ နာရီထိ ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ParkRoyal
ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ParkRoyal ဟိုတယ်၌ ထိုင်း တက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ကျင်းပသည့် (၆)ကြိမ်မြောက် ထိုင်းတက္ကသိုလ် ပေါင်းစုံပညာရေးပြပွဲ စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားမှသိရသည်။
ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာ ကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက "မြန်မာပြည်က ကျောင်းသား ကျောင်းသူတွေအနေနဲ့ တစ်နေရာ တည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာ နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်က ပညာ ဆည်းပူးလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ လက်မလွှတ်သင့်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဘာသာရပ်ဆိုင်ရာ ပညာသင် ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Harbour Space ? University of the Thai Chamber of Commerce(UTCC)? Assumption Uni-versity? Dhurakij Pundit University (DPU)? Mahidol University International College(MUIC)? Raffles International College Bangkok(RIC)? Panyapiwat Institute of Management, International College(PIM)? Krirk University? Metha-rath University? TGGS (Thai-German Graduate School of Engineering)? AIHM (Asian Institute of Hospitality Manag-ement)? London University at Bangkok Center(LUBC) စသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
အဆိုပါ ပြပွဲသည် နိုင်ငံရပ်ခြားတွင် ပညာဆည်းပူးလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခွင့်အရေးများ စွာ ရရှိနိုင်သည့်အတွက် လက်မလွှတ်သင့် သည့် ပညာရေးပြပွဲတစ်ခုဖြစ်ပြီး တက္ကသိုလ် ၁၂ ခုမှ ပါဝင်ပြသမည်ဖြစ်သည့်အတွက် မိမိတို့ တက်ရောက်လိုသည့် တက္ကသိုလ်များ ကို ရွေးချယ်၍ လေ့လာဆည်းပူးလိုသော ဘာသာရပ်များ၊ ပညာသင်ဆု ဆိုင်ရာအခွင့် အရေးများကို သိရှိခွင့် ရရှိနိုင်မည်ဖြစ် ကြောင်း၊ ကျင်းပသည့်ထိုင်းတက္ကသိုလ် ပေါင်းစုံ ပညာရေးပြပွဲသည် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် အထူးအခွင့် အရေးတစ်ခုဖြစ်ပြီး မိမိနိုင်ငံ၌ပင် ထိုင်းနိုင်ငံရှိ နာမည်ကြီး ကျောင်းများနှင့် တိုက်ရိုက် တွေ့ဆုံနိုင်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး ကျောင်း သား၊ ကျောင်းသူများသာမက မိဘ၊ ဆရာ များနှင့် စိတ်ဝင်စားသူများ မည်သူမဆို ဝင် ကြေးအခမဲ့ဖြင့် လာရောက်လေ့လာ၍ စုံစမ်းမေးမြန်းနိုင်ရန် စီစဉ်ထားသည်။