Breaking

(၉၇) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၃၁
    ၂၀၂၄ခုနှစ် ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ Novotel Max ဟိုတယ်တွင် (၉၇) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
    အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် အခမ်းအနားကို စတင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတရုတ်စစ်သံမှူးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ခေတ္တတရုတ်စစ်သံမှူးတို့ က အထိမ်းအမှတ်ကိတ်မုန့် လှီးဖြတ်ပေး၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။
    အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာ ယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

Total Views ~ 322

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43828

© 2022 - 2025 News. All Rights Reserved.