၂၀၂၃ ၊ ဧပြီ ၂၅
ယမန်နေ့(ဧပြီ ၂၄)မွန်းလွဲ ၃နာရီမိနစ် ၅၀အချိန်တွင် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို မိုင်းစထိမှန် ဒဏ်ရာ များဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ရာ ကျွန်းလှမြို့နယ် အင်းကောင်း ကျေးရွာနေ ဦးသန်းကျော်(၄၆)နှစ်တွင် ယာခြေသလုံးမိုင်းစ ထိမှန်ဒဏ်ရာ ၄ ချက်၊ ယာခြေဖ နောင့် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်) (မစိုးရိမ်ရ)နှင့် တစ်ရွာတည်းနေ မမေဇင်ဖူး(၂၉)နှစ်တွင် ယာဒူး အောက်မိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ ယင်းနေ့ နံနက် ၇နာရီတွင် ဦးသန်းကျော်နှင့် တူမဖြစ်သူ မမေဇင်ဖူးတို ၂ ဦးသည် အင်းကောင်းကျေးရွာ၏ မြောက်ဘက် ၈ မိုင် ခန့်အကွာရှိ ဒေသအခေါ် ရေထွက်ကြီးတောတိုက်၌ မွေးမြူထားသည့် နွားများအား ကြည့်ရှုပြီး ပြန်လာစဉ် နွားခြံ၏ တောင်ဘက် ၁ မိုင်ခန့် အကွာ သိုက်ချောင်းရိုးအစပ်သို အရောက်၌ အကြမ်းဖက်အုပ်စု PDG အဖွဲ ထောင်ထားသည့် မိုင်း(စိစစ်ဆဲ) ၁ လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲရာမှ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။