ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်PDF အဖွဲက သေနတ်ဖြင့် ပစ်ခတ်ပြီး နေအိမ်များအား မီးရှိ ဖျက်ဆီးသဖြင့်  ၉ ဦးသေဆုံးပြီး နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံး မီးလောင်ပျက်စီးမှု

၂၀၂၃၊ ဧပြီ ၁

ပြီးခဲ့သည့် မတ်လ  ၃၀ရက် ည ၁၀ နာရီအချိန်က ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ပေါက်ကုန်းကျေးရွာ သို အကြမ်းဖက်အုပ်စု PDF အင်အား ၁၀၀ ဦးခန့်သည် ပေါက်ကုန်းကျေးရွာ၏ အနောက်တောင်ဘက်မှ ခြေလျင်ဝင်ရောက် လာပြီး  သေနတ်များပစ်ဖောက်၍ ကျေးရွာသူ/ကျေးရွာသားများ အား ပေါက်ကုန်းကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ဇီးကနားကျေးရွာသို ထွက်ခွာပေးရန် အော်ဟစ်မောင်းထုတ်သဖြင့် ကျေးရွာသူ/ကျေးရွာသားများမှ ကြောက်လန့်၍ နေအိမ်အသီးသီးမှ ဆင်းပြေးကြရကြောင်း သိရသည်။

ထိုသို ဆင်းပြေးကြစဉ် အကြမ်းဖက် အုပ်စု PDF အဖွဲက သေနတ်ဖြင့်ပစ်ခတ်ပြီး နေအိမ်များအား မီးရှိဖျက်ဆီးခဲ့သဖြင့် နေအိမ် ၇၀ လုံး၊ နွားတင်းကုပ် ၃၁ လုံး(တန်ဖိုး သိန်း ၁၈၂၀ ကျပ်ခန့်) ပျက်စီးဆုံးရှုးခဲ့ပြီး အဆိုပါကျေးရွာနေ ကျော်နိုင်ဦး(၄၀)နှစ်နှင့်  မောင်တိုး(၁၆)နှစ်တို ၂ ဦးသည် ဒဏ်ရာ(စိစစ်ဆဲ)ဖြင့် သေဆုံး၊ ဦးပွကြီး(၆၀)နှစ်၊ ဦးတင်လေး(ခ)ဆေးစုံ(၆၀)နှစ်၊ ဦးထွန်းဖေ(၆၃)နှစ် ၊ ဒေါ်ရီတင်(၅၂)နှစ် ၊  ဒေါ်ပြား(၇၀)နှစ်၊ ဒေါ်ငွေ(၅၈)နှစ် နှင့် ဒေါ်အုန်းမြင့်(၇၀)နှစ် စသည့် တောင်သူတို ၇ ဦးသည် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုအပြင် ပေါက်ကုန်းကျေးရွာရှိ အမျိုးသား ၂၈ ဦးခန့်မှာ ကိုးတောင်ဘိုကျေးရွာအခြေပြု ရတခမရ(၃၆၃)သို ပြည်သူ့စစ်ဖွဲစည်းရန် အမည်စာရင်းပေးထားပြီး ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ကိုးတောင်ဘိုရှေ့တန်း တပ်စခန်းတွင် သင်တန်းတက်ရောက်လျက်ရှိသဖြင့် အကြမ်းဖက်အုပ်စု PDF အဖွဲက ယခုကဲ့သိုပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာမှ  နယ်မြေအခြေအနေအရ အခင်းဖြစ်နေရာသို သွားရောက်စစ်ဆေးနိုင်ခြင်း မရှိကြောင်းသေးသော်လည်း  ဖြစ်စဉ်အား တကရ(၆၀၀၆)သို တင်ပြထားရှိကြောင်း  သိရသည်။

Total Views ~ 220

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43363

© 2022 - 2025 News. All Rights Reserved.