၂၀၂၃ ၊ မတ် ၁၀
ယမန်နေ့ (မတ် ၉) မွန်းလွဲ ၃နာရီအချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ တာ၀န်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဇော်လင်း(၃၀)နှစ် လယ်လှကျေးရွာ ကန့်ဘလူမြို့နယ်နေသူတွင် ဝဲခြေသလုံးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲဒူးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၃ ချက်)(မစိုးရိမ်ရ)နှင့် ၎င်း၏အစ်မဖြစ်သူ မတင်မာဝင်း(၃၆)နှစ် တွင် ဝဲခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၂ ချက်)(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အားစိစစ်ရာ ယင်းနေ့ မွန်းလွဲ ၁နာရီ မိနစ်၂၀ နာရီအချိန်တွင် ဇော်လင်းနှင့် မတင်မာဝင်း တို ၂ ဦးသည် မမစ(ကန့်ဘလူ)၏ တောင်ဘက် ၁၀ မိုင်ခန့်၊ လယ်လှကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာရှိ ၎င်းတိုပိုင်ဆိုင်သည့် ယာခင်းသို နွားကျောင်းရန် သွားရောက်စဉ် ယာခင်းအနီးအရောက်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံးအား ဇော်လင်းမှ တိုက်မိပေါက်ကွဲခဲ့၍ ဇော်လင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး မတင်မာဝင်းမှ ပြေးလာစဉ် လက်လုပ်တိုက်မိုင်း ၁ လုံးအား ထပ်မံတိုက်မိပေါက်ကွဲခဲ့သောကြောင့် မတင်မာဝင်းတွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။