ကန့်ဘလူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသား ၃ ဦး သေဆုံးပြီး မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံး တိုအား လုယက်ယူဆောင်

၂၀၂၃ ၊ မတ် ၁၂

ယမန်နေ့ ( မတ်လ ၁၁ )နံနက် ၁၀နာရီခွဲ အချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၏ တောင်ဘက် ၂၂ မိုင်ခန့်၊ နမစ(ဇီးကုန်း)၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ ဇီးကုန်းမြို့ နဂါးပေါ်ရပ်ကွက်နေ ဦးအုန်းကြိုင်(၅၂)နှစ်၏ နေအိမ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ ဦးအုန်းကြိုင်အား  ၎င်း၏နေအိမ် လှေကားခြေရင်း၌ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးအုန်းကြိုင်၏ နေအိမ်တောင်ဘက်ရှိ ခြံဝင်းအတွင်း၌ အဆိုပါရပ်ကွက် ရစဖမှူး ဦးဇော်အောင် (၅၀)နှစ်အား ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၂ ချက်) ဖြင့် လည်းကောင်း၊ ဦးအုန်းကြိုင်၏ နေအိမ်နောက်ဘက် ပေ ၆၀၀ ခန့်အကွာရှိ လမ်းပေါ်၌ အဆိုပါ ရပ်ကွက်နေ ဦးထွန်းညွန့်(၃၇)နှစ်အား နောက်ကျောကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၃ ချက်၊ ယာပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၄ ချက်)ဖြင့်လည်းကောင်း အသီးသီး သေဆုံးနေပြီး အခင်းဖြစ်နေရာတို့မှ ၉ မမ ကျည်ခွံ ၃ ခု၊ AK-47 ကျည်ခွံ ၇ ခု တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စီစစ်ရာ ယင်းနေ့  ၁၀ နာရီခွံတွင် ဦးအုန်းကြိုင်၏သားဖြစ်သူ ရဲမင်းလှိင်(၂၆)နှစ်သည် နေအိမ်ရှေ့၌ ရှိနေစဉ် အင်္ကျီအမဲရောင်များ ဝတ်ဆင်ထားသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး (စိစစ်ဆဲ)မှ ဦးအုန်းကြိုင်ထံ ဆေးကုသရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆို၍ နေအိမ် အတွင်းသို ဝင်ရောက်သွားပြီး နေအိမ်အောက်ထပ်၌ ရှိနေသော ဦးအုန်းကြိုင်နှင့် နေအိမ်သို အလည်ရောက်ရှိနေသော ဦးဇော်အောင်တို့ အနီးအရောက်၌ သေနတ်ပစ်ခတ်သံများ ကြားရပြီး နေအိမ်ရှေ့လမ်းပေါ်မှ ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားသည့် အကြမ်းဖက်အုပ်စု PDF အင်အား ၂၀ ဦးခန့်မှာ သေနတ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာကာ ထပ်မံပစ်ခတ်သဖြင့် ဦးအုန်းကြိုင်၊ ဦးဇော်အောင် နှင့် ဦးအုန်းကြိုင်၏ နေအိမ်နောက်ဘက် လမ်းပေါ်၌ရှိနေသူ ဦးထွန်းညွန့် တို သေဆုံးသွားပြီး  ၎င်းတို့၏ နေအိမ်မှ SGG 2H/2525 VAN အဖြူရောင် မတယ ၁ စီး (တန်ဖိုး သိန်း ၃၀ ကျပ်ခန့်)၊ လက်ကိုင်ဖုန်း ၁ လုံး(တန်ဖိုး ၂ သိန်းကျပ်ခန့်)၊ ဦးဇော်အောင် ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ၁ လုံး(တန်ဖိုး ၂ သိန်းကျပ်ခန့်)နှင့် ရဲမင်းလှိုင် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း ၁ လုံး (တန်ဖိုး ၂ သိန်းကျပ်ခန့်) တိုအား ယူဆောင်ကာ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ထိုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍  တရားခံများ(စိစစ်ဆဲ)အား နမစ (ဇီးကုန်း)(ပ)၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် သက်ဆိုင်ရာအမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

Total Views ~ 287

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43340

© 2022 - 2025 News. All Rights Reserved.