ရန်ကုန်၊အောက်တိုဘာ ၇
ကမ္ဘာ့ ပညာရေးပြပွဲ ၂၀၂၃ (ရန်ကုန်) World Education Expo Myanmar 2023 (Yangon) ပြပွဲတွင် ၂၁ ရာစုနှစ်ပညာရေးအကြောင်းဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာဟောပြောပွဲကိုအောက်တိုဘာလ ၇ ရက်နေနှင့် ၈ နေ့တွင် Wyndham Grand Yangon hotelတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကိုအောက်တိုဘာလ ၈ရက်နေ့ နေ့လည် (၂) နာရီတွင် Yagon Stock Exchange မှ Executive Senior Manager - Saya U Thet Tun Oo ၊ Trade Expert & Author Saya U Thein Myint Wai ၊ Myanmar Resources Networkမှ Founder & Managing Director Saya U Thurein Nyein တို့မှ ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်။
"ဒီပညာရေး ပြပွဲက လူငယ်တွေအတွက်အခွင့်အလမ်းတွေများစွာရှိမယ်။ မနက်ဖြန်မှာ မှာလည်း ဆွေးနွေးပွဲရှိတယ်။ အဲ့ဒီဆွေးနွေးပွဲက ၂၁ရာစုပညာရေး ကို ဆွေးနွေးမှာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လာရောက်နားထောင်စေချင်ပါတယ် ။ သူက free ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီပြပွဲအချိန်ကမနက် ၉နာရီကနေ ညနေ၅ ပြပွဲဖြစ်တဲ့အတွက် လာလေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ဟု Trade Expert & Authorမှ ဆရာဦးသိန်းမြင့် ဝေက ပြောကြာခဲ့သည်။
ပညာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင် တက္ကသိုလ်များ၊ ပညာရေး လမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန် မှန်ကန်စွာ ရွေးချယ်နိုင်စေရန်နှင့် အများပြည်သူ ကျောင်းသားလူငယ်များမှ ထိထိရောက်ရောက် ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်၊ အသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း၊ အဆိုပါပြပွဲကိုDagon Exhibitions Limited မှစီစဉ်ကျင်းပပြီးကုမ္ပဏီ (၂၉) ခုမှပြခန်းပေါင်း(၄၀)ဖြင့် ပြည်တွင်းပြည်ပမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပြည်တွင်းမှ ပုဂ္ဂလိကပညာရေးသင်တန် ကျောင်းများ၊ အိုင်တီသင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြားတက္ကသိုလ်များ၊ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများကို ခင်းကျင်းပြသသည့် ကျောင်းများ၊ ကျောင်းနေအရွယ် မှစ၍ ပညာသင်ကြားနိုင်သော နိုင်ငံတကာကျောင်းများမှပါဝင်ပြသခဲ့ကြသည်။