ရန်ကုန်၊ မေ ၂၈
ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များအဖြစ် ဇွန် ၆ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက် ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို နည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာက မတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားပြီး ပဏာမ မြန်မာ့လက်ရွေး စင်အသင်းသည် နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် မေ ၂၈ ရက်မှစတင်ကာ စခန်းဝင် လေ့ကျင့် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် လာမည့် ဇွန်လ ၆ရက် ညနေ ၆ နာရီ မိနစ် ၄၀ တွင် သုဝဏ္ဏအားကစားကွင်း၌ ဂျပန်လက် ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကွင်းဝင်ကြေးကို ရိုးရိုးတန်း ကျပ် ၂၀၀၀ အထူးတန်း ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ဇွန်လ ၁၁ ရက် လာအိုနိုင်ငံတွင် မြောက်ကိုရီးယား လက်ရွေးစင်အသင်းနှင့် လည်းကောင်း ၂၀၂၆ ကမ္ဘာ့လားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များ အနက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြောက်ကိုရီးယာအသင်း၏ အိမ်ကွင်းဖြစ်သော မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် မတ် ၂၆ ရက်က ယှဉ်ပြိုင်ကစားရန် သတ်မှတ်ပေးခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလို ခြင်းမရှိကြောင်း ဦးစွ ငြင်းဆန်ခဲ့သည့် အတွက် ဖီဖာက ဖျက်သိမ်းခဲ့သည်။ ပွဲစဉ်ဖျက်သိမ်းခဲ့ရသည့်အတွက် ဂျပန်အသင်းကို အနိုင်သုံးမှတ်ပေးခဲ့သည်။ မြောက်ကိုရီးယား နှင့် ဂျပန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်တွင် အုပ်စု (B)၌ ဆီးရီးယား၊ မြန်မာတို့နှင့်အတူ ကျရောက်နေသည်။
သုံးပွဲစီ ယှဉ်ပြိုင်ကစားအပြီးတွင် ဂျပန်အသင်းက သုံးပွဲလုံး ရာနှုန်းပြည့် အနိုင်ရရှိကာ အုပ်စုထိပ်ဆုံး၌ ဦးဆောင်နေပြီး ဆီးရီးယားက လေးမှတ်၊ မြောက်ကိုရီးယား ကသုံးမှတ်၊ မြန်မာက တစ်မှတ်ရ ရှိထားသည်။မြောက်ကိုရီးယားအသင်းသည် လက်ကျန် နှစ်ပွဲကိုလည်း ကြားကွင်းတွင်ပင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဇွန် ၆ ရက်တွင် ဆီးရီးယား၊ ဇွန် ၁၁ ရက်တွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင် ကစားရ မည်ဖြစ်ကြောင်း သိရသည်။
ယခု ရက်ပိုင်းကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် ဂျပန်လက် ရွေးစင်အသင်း၏ ကစားသမား ၂၆ ဦးစာ ရင်းကိုထုတ်ပြန်ခဲ့ရာ ဂျပန်အသင်း၏ လူစာ ရင်းတွင် နာမည်ကြီး ကစားသမား များဖြစ်သည့် တိုမီယာဆု(အာဆင်နယ်)၊ အန်ဒို (လီဗာပူး)၊ မီနာမီနို(မိုနာကို)၊ ဒိုအန် (ဖရိုင်း ဘတ်)၊ ကူဘို(ဆိုစီဒက်)၊ ဒိုင်ဇန်မယ်ဒါ (ဆဲလ်တစ်)စသည့် ကစားသမားများ ပါဝင်လာခဲ့သည်။
မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် တွေ့ဆုံနေပြီး လေးပွဲကန်ပြီးချိန် ဂျပန်ကို ၅ ဂိုး ဂိုးမရှိရှုံးထားသလို မြောက်ကိုရီးယား ကို ၆ ဂိုး ၁ ဂိုးနှင့် ရှုံးထားပြီး ဆီးရီးယားကိုမူ ပထမအကျော့ ၁ ဂိုးစီသရေကျခဲ့သော်ငြား ဒုတိယ အကျော့တွင် ၇ ဂိုး ဂိုးမရှိရှုံးခဲ့၍ ပေး ဂိုး ၁၇ ဂိုး၊ ရဂိုး ၂ ဂိုးဖြင့် ရမှတ်တစ်မှတ်သာ ရရှိထားသည်။