ရန်ကုန်၊ နိုဝင်ဘာ ၂၇
ကလောခရီးစဉ်ဒေသ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာသိရှိနားလည်ပြီး ယခုခရီးသွားရာသီတွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်ရောက်ရှိနိုင်ရေး ပြင်ဆင်ရမည့် ကိစ္စရပ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ယခုလ ၂၄ ရက်တွင် ကလောမြို့သို့ သွားရောက်ကာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destinat-ion Management Organization- DMO) များအား ကလောမြို့ရှိ Mya Yar Pin ဟိုတယ်၌ တွေ့ဆုံရာ အထက်ပါအတိုင်း ပြောကြားခဲ့သည်။
တွေ့ဆုံရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလားအလာရှိသော ခရီးစဉ်ဒေသများ ဖော်ထုတ်နိုင်ရန်၊ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Org-anization- DMO) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်အပေါ်မူတည်၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကလောမြို့သည် ခရီးသည်များအတွက် ကိုလိုနီခေတ်ဗိသုကာ လက်ရာများ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု များ၊မြို့ကိုဝန်းရံလျက်ရှိသည့် ရှုမျှော်ခင်းများနှင့်အတူ ကောင်းမွန်သည့် ရာသီဥတုရှိခြင်း၊ သဘာဝအလှအပများနှင့် ဒေသခံများ၏ရိုး ရာအစားအစာ၊ ပွဲတော်စသည့် ခရီးသွား ဆွဲဆောင်မှုများဖြင့် ပြည့်စုံသောမြို့တစ်မြို့ဖြစ် သည့်အပြင် ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ် နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါ ကြောင်း၊ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း(၂၀၂၂- ၂၀၂၅)ကို မဟာဗျူဟာငါးချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင် အထည် ဖော်မှုများဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအကောင်အထည်ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO)များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများအနေဖြင့် ဖိုရမ်ဆွေးနွေးမှု ရလဒ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားကြရန်ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် ကလောမြို့ရှိ Kalaw Heritage Hotel နှင့် ပင်းတယမြို့ရှိ PINDAYA Hotel များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဟိုတယ်များတွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Hotels Guest List Management System-HGLMS) အသုံးပြုအနေမှုအခြေ အနေများ၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေးစသည့် အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးနိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။ ထူးမြတ်