၂၀၂၃၊ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ် တပ်ဦးသီတာရပ်ကွက်၌ ဇန်နဝါရီ ၂ရက် နေ့လယ် ၁၂နာရီခွဲခန့်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲက သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်ရှိ ကလေးခရိုင်တရားရုံးဘက်သွားသည့်လမ်းရှိ ကွန်ကရစ်တံတားအောက်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် တံတားအောက်တွင် ပုလင်းခွံ၊ ပလတ်စတစ်ဘူးခွံများ ကောက်ယူနေသည့် ထွန်းနိုင်(၃၁)နှစ် ချမ်းမြေ့အောင်စည်ရပ်ကွက် ကလေးမြိုနေသူတွင် ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဆီးခုံအထက် မိုင်းစထိမှန် ဒဏ်ရာ ၁ ချက် (စုစုပေါင်းဒဏ်ရာ ၂ ချက်) (မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဒဏ်ရာရရှိသူအား ဆေးရုံသို ပိုဆောင်ထားကြောင်း သိရသည်။