Breaking

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီး အဖြစ်ခန့်အပ်

၂၀၂၄  ဇန်နဝါရီ ၁၀
    ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃/၂၀၂၄) နှင့် (၄/၂၀၂၄) တို့အရ သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီထုတ်ပြန်သည့် အမိန့်အမှတ် (၃/၂၀၂၄) တွင် ဦးကိုကိုလှိုင်အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးအောင်နိုင်ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင် စုဝန်ကြီးအဖြစ်နှင့် ဗိုလ်ချုပ်ကြီး မိုးအောင်အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း အသီးသီးခန့်အပ်တာ ဝန်ပေးခဲ့ခြင်း ဖြစ်သည်။
    ဗိုလ်ချုပ်ကြီး မိုးအောင်အား  အမိန့်အမှတ် (၄/၂၀၂၄) အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ် အကြံပြုနိုင်ရန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏အစား ခန့်အပ်တာဝန်ပေးလိုက်ကြောင်းလည်း သိရသည်။

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43947

© 2022 - 2025 News. All Rights Reserved.