ကားအရောင်းစင်တာတစ်ခုမှ ကြိုတင်ငွေချေ မှာယူထားပြီး ကားပေးအပ်မှုမရှိသဖြင့် ဝယ်ယူသူများအခက်ကြုံ

၂၀၂၃ စက်တင်ဘာ ၆
    ပြည်တွင်းရှိ Karry Yangon AYK Auto အမည်ရ ကားအရောင်းစင်တာတွင် KIA အမျိုးအစားယာဉ်အား ကြိုတင်ငွေချေ စနစ်ဖြင့် မှာယူထားပြီး စာချုပ်ပါအချက်အရ ယာဉ်ပေးအပ်ရမည့်အချိန်တွင် ပေးအပ်ခြင်းမရှိသည့်အတွက် ကြိုတင်မှာယူထားသူများ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း ကာယ ကံရှင်များထံမှ သိရသည်။
    ပြည်တွင်ကားဈေးကွက်တွင် ငွေလဲနှုန်း အပြောင်းအလဲအရ ဈေးနှုန်းတက် ဈေးဖြစ်နေပြီး မတည်ငြိမ်မှုအပေါ် အကြောင်းပြုကာ ရောင်းချသူများကကြိုတင် ငွေယူရောင်းချပေးခဲ့သော်လည်း ယာဉ်အပ်နှံရမည့်အချိန်ကာလတွင် အပ်နှံခြင်းမပြုဘဲ အကြောင်းအမျိုးမျိုးပြကာ ပျက်ကွက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ယုံကြည်မှုဖြင့် ယာဉ်တန်ဖိုး တစ်စိတ်တစ်ပိုင်း ပေးချေကာ စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ ကြိုတင်ဝယ်ယူထားသူများအနေဖြင့် နစ်နာမှုပို မိုကြုံတွေ့နေရကြောင်း သိရသည်။
    ''ကားဝယ်တာက မေလအလယ် လောက်ကတည်းက ၁၀၀ ရာခိုင်နှုန်းငွေ ချေပြီးကြိုတင်မှာယူပြီး ဝယ်လိုက်တယ်ပေါ့။ ၁၀၀ ရာခိုင်နှုန်း ငွေချေလို စာချုပ်ချုပ်ပေး လိုက်တယ်။ တချို့တော်တော်များများ ငွေ အလိမ်ခံရတဲ့ ကြိုတင်မှာယူသူတွေက စာ ချုပ်မရှိဘူး။ ငွေရာခိုင်နှုန်း ၅၀ ကြိုတင်ပေး သွင်းထားတယ်ဆိုတဲ့ ငွေလက်ခံလောက်ပဲရှိ ကြတယ်။ စာချုပ်မရှိဘူး။ ကျွန်မက ကားအ ရောင်းစင်တာပိုင်ရှင် အရည်ကြိုသိတာရော KIA ကိုအားပေးချင်လို့ သူ့အရောင်း စင်တာမှာ သွားဝယ်လိုက်တယ်။ သူကကားရပါ့မယ် သေချာပါတယ်။ ကားရတဲ့အထိလည်း တာဝန်ယူပါတယ်။ တာဝန်ယူဖြေရှင်းပေးပါ့မယ်ဆိုတာ စာချုပ်ထဲမှပါတယ်။ တကယ်တမ်း ကားလည်းမရရော  SSS သွား မေးလို့ပြောတယ်။ ကားအပ်ရမယ့်ရက်မှာ SSS က မပေးလို့မရဘူးဆိုတာ ဖြေရှင်းပေးတာမရှိပါဘူး''ဟု ကားကြိုတင်ငွေချေမှာယူခဲ့သူက ပြောသည်။
    အဆိုပါယာဉ်အရောင်းဝယ်စင် တာက အချို့ယာဉ်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀  ကို ကြိုတင်ပေးချေ မှာယူထားသူများကို ယာဉ်၏ လက်ရှိတန်ဖိုးကို တွက်ချက်ကာ ပေါက်ဈေးဖြင့် ဝယ်ယူပါက အဆင်ပြေနိုင် ကြောင်း၊ ဆက်သွယ်ပြောဆိုမှုရှိနေကြောင်းသိရသည်။ ကြိုတင်ဝယ်ယူထားသူများဘက်ကလည်း ယခင် ငါးလခန့်က ပေါက်ဈေးဖြင့် ကြိုတင်မှာယူထားခြင်းသာဖြစ်ပြီး ယခုလက် ရှိ ယာဉ်ဈေးနှုန်းမြင့်တက်မှုများမှာ ရောင်း ချသူဘက်ကသာ တာဝန်ယူဖြေရှင်းပေးရ မည်ဟု လူမှုကွန်ရက်စာမျက်နှာများမှတစ် ဆင့်  ဖြန့်ဝေအသိပေးထားသည်။

 

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43785

© 2022 - 2025 News. All Rights Reserved.