ကိုဗစ်အလွန်ကာလ အာဆီယံ-တရုတ် နီးကပ်စွာ ပူးပေါင်းခြင်းက စီးပွားရေးပြန်လည် နာလန်ထူရေး အထောက်အကူပြုဟု မြန်မာသံအမတ်ပြောကြား

၂၀၂၃ စက်တင်ဘာ ၂၀
    ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံ-တရုတ်နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ရလဒ်များရရှိကာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးပြန် လည်နာလန်ထူရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားသည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံ-တရုတ် ကုန် စည်ပြပွဲကာလအတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် နန်နင်းမြို့ တရုတ်- အာဆီယံကုန်စည်ပြပွဲ Plaza ၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ်ထုတ် လုပ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တို့တွင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၏ အဖွင့်မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    မြန်မာသံအမတ်ကြီးက ကိုဗစ်- ၁၉ အလွန်ကာလတွင် အာဆီယံ-တရုတ်နီး ကပ်စွာ ပူးပေါင်း ဆောင်ရွက်ပြီးဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်ခြင်းဖြင့် အာဆီ ယံနှင့် တရုတ်တို့ အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ရလဒ်များရရှိကာ အာဆီယံနိုင်ငံများနှင့် တရုတ် နိုင်ငံတို့၏ စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း နိုင်ငံများအနေဖြင့် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖေး မကူညီခြင်းကသာလျှင် ဒေသတွင်းနိုင်ငံများအနေဖြင့် အတူတကွတိုးတက်မှုရရှိကာ ပြည်သူများအ ကြား ပိုမိုနီးကပ်လာမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အဆင် သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
    အဆိုပါဖိုရမ်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (Natio-nal Development and Reform Comm-ission-NDRC) နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတို့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး၊ နန်နင်း မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး၊ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဒုတိယ အတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့လည်း တက်ရောက်မိန့် ခွန်းပြောကြားခဲ့သည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.