နေပြည်တော်၊ သြဂုတ် ၁၃
ကိုဗစ်-၁၉ ချေးငွေများနှင့် ပတ်သက်၍ အတိုး၊အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်းများအား နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြပြီး စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်းခံရနိုင်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံ ငွေမှ ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း) ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ မှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
လက်ရှိတွင် ချေးငွေသက်တမ်း သုံးနှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီးဖြစ်သည့် ကုမ္ပဏီ၊ လုပ်ငန်းများအား ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံး ပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်တွင် အသိပေးကြေညာခဲ့ကြောင်း သိရပြီး ချေးငွေ အပြေအကျေ ပေးဆပ်ပြီးသူများအား ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ယင်းကော်မတီက မှတ်တမ်းတင်ထားသည်။
ထို့ကြောင့် နေပြည်တော်ကောင် စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အလီလီပေးဆပ် နေသည့် ကုမ္ပဏီ၊ လုပ်ငန်းများ အနေဖြင့် အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ်ရန်၊ အတိုးကိုသာ ပေးသွင်းထားသည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အရင်းနှင့်အတိုးကို တစ်ပေါင်းတည်း အမြန်ဆုံးပြန်လည် ပေးသွင်းရန် ထပ်မံအ သိပေးထားပြီး အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း များအနေဖြင့် အချိန်မီလာ ရောက်ပေး ဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံ ပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။
နဒီ