Breaking

ကိုရီးယားနိုင်ငံသို့ သွားရောက်သည့် မြန်မာလုပ်သားများ တားမြစ်ကုန်စည်များ မသယ်ဆောင်ရန် ထပ်မံအသိပေး

၂၀၂၃ ဒီဇင်ဘာ ၂၀
    တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများ တားမြစ်ကုန်စည်များကို မသယ်ဆောင်ရန် အသိပေးထားသော်လည်း သယ်ဆောင်နေသဖြင့် အကြိမ်ကြိမ် သတိပေးနေရကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်လိုက်သည်။
    မြန်မာလုပ်သားများ၏ ပုံရိပ်မကျ ဆင်းစေရေးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့်လုပ်သားများ အဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီ သောအားဖြင့် လေဆိပ်တား မြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန် ထပ်မံအသိပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်တွင် မြန်မာလုပ်သားများမှာ တားမြစ်ကုန်စည်များကို သယ်ဆောင်လာသဖြင့် သိမ်းဆည်းခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ မကြာခဏ ရှိနေကြောင်း၊ ကိုရီး ယားသမ္မတ နိုင်ငံသို့ ဝင်ရောက်မည့် EPS လုပ်သားများအား အင်ချွန်းလေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ အကြိမ်ကြိမ်အသိပေးသော်လည်း ဒီဇင်ဘာလ ၁၄ ရက်တွင်ဝင်ရောက်သည့် Re-entry လုပ် သားအချို့သည် အင်ချွန်းလေဆိပ်အဝင် တားမြစ်ပစ္စည်းများ သယ်ဆောင်ကြောင်း တွေ့ရှိသဖြင့် လေဆိပ်၌ ပစ္စည်းများ သိမ်းဆည်းခံရခြင်းနှင့် ဒဏ်ငွေပေးဆောင်ရခြင်း တို့ရှိခဲ့ကြောင်း သိရသည်။
    တောင်ကိုရီးယားနိုင်ငံသို့ သယ်ဆောင်ခြင်းမပြုရန် သတ်မှတ်ထားသည့် တားမြစ်ကုန်စည်များမှာ သစ်သီးနှင့် အခြောက်ခံထားသည့် အသီးအနှံများ၊ အစေ့၊ အပင်ပေါက်၊ သစ်သားဖြင့် ထုပ်ပိုးထားသည့် ပစ္စည်းများ၊ တိရစ္ဆာန်မှ ထုတ်လုပ်ထားသည့် အသားစည်သွပ်ဘူး၊ ငါးခြောက်၊ ဝက်အူချောင်းကဲ့ သို့သော ပစ္စည်းများဖြစ်ပြီး အဆိုပါပစ္စည်းများကို သယ်ဆောင်လာခြင်းတွေ့ရှိပါက ဒဏ်ငွေ ဝမ်သုံးသန်းမှ ငါးသန်းအထိ ပေးဆောင်ရပြီး ပြည်ဝင်ခွင့်ပိတ်သည်အထိ အရေးယူခံရကြောင်း သိရသည်။

Total Views ~ 206

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43930

© 2022 - 2025 News. All Rights Reserved.