ကိုရီးယားရောက် မြန်မာနိုင်ငံသားများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားနိုင်ကြောင်း သံရုံးထုတ်ပြန်

2023 စက်တင်ဘာ ၁9
    ကိုရီးယားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက် ဖြေလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၄ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆို လိုပါက  ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် ဖောင်ကိုဖြည့်စွက်ကာ ပေးပို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
    ပြည်တွင်းရှိ ကျောင်းသားကျောင်း သူများအတွက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ကျပ် ၇၀၀ တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်း တံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်၍ ရောင်းချပေးနေပြီ ဖြစ်ကြောင်းသိရသည်။ စာမေးပွဲဖြေဆို ခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆို ခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
    စနစ်ဟောင်း နဝမတန်း (Grade-10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာ မေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း(Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်ရာပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများ တွင် စာမေးပွဲဝင်ကြေး ကျပ် ၇၀၀ တန် ငွေသွင်းတံဆိပ်ခေါင်း များဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူး ရုံးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
    သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ် ကြောင်းနှင့် စာဖြေသူတင်သွင်းသည့်စာမေး ပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့် ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲ အလိုက်ပုံစံများ မှန်ကန်မှုရှိမရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် နှင့်လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ် ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန် ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

Total Views ~ 217

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.