Breaking

ကုန်သွယ်ရေးနေရာများနှင့် တရုတ်နိုင်ငံစီမံကိန်းများ ဦးတည်တိုက်ခိုက်ခြင်းက နှစ်နိုင်ငံဆက်ဆံရေး မတည်မငြိမ်ဖြစ်စေလိုသည့် အင်အားစုများကြောင့်ဟုဆို

၂၀၂၃ ဒီဇင်ဘာ ၄
    မြန်မာ-တရုတ် နှစ်နိုင်ငံကူးသန်း ရောင်းဝယ်ရေးအတွက် အရေးကြီးသည့် နေရာများနှင့် တရုတ်နိုင်ငံ စီမံကိန်းများရှိသည့် နေရာများကို ဦးတည်တိုက်ခိုက်လာခြင်း၏ နောက်ကွယ်တွင် နှစ်နိုင်ငံဆက်ဆံရေး မတည်ငြိမ်ဖြစ်စေရန် လုပ်ဆောင်နေသည့် အင်အားစုပါဝင်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    ဒီဇင်ဘာလ ၃ ရက်အတွက် ထူးခြားဖြစ်စဉ်များ သတင်းထုတ်ပြန်ပေးမှုတွင် မြန်မာ-တရု တ်နယ်စပ်ဒေသတည် ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေ မှုများအပေါ် အနောက် နိုင်ငံမီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန် တိုက်ခိုက်မှု များ၊ AA အဖွဲ့က မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ဦးစီးဌာနပိုင် ယာဉ်များ၊ ခရိုင်ဖွံ့ဖြိုးရေး ယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုး ရေးအတွက် ယာဉ်များ၊ သာသနာရေး ဝန်ကြီးဌာနပိုင် ယာဉ်များအား လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ယူ ဆောင်၍ ၎င်းတို့အဖွဲ့ ကိုယ်ကျိုးအတွက် အသုံးပြုနေမှုများ နှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။
    "အခုအချိန်မှာ ရှမ်းပြည်နယ် မြောက်ဘက်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ် သက်ပြီးတော့ ကြည့်မယ်ဆို ရင် ဒီနေရာတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်း ဝယ်ရေး၊ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်သွယ် ရေးအတွက် အရေးကြီးတဲ့ နေရာတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာတွေကို နှစ်နိုင်ငံ အစိုးရအနေနဲ့ အခြေအနေ ယိုယွင်းပျက်ပြားအောင် ဘယ်တော့မှ လုပ် ဆောင်မှာ မဟုတ်ပါဘူး။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ စီမံကိန်းတွေရှိတဲ့ နေရာတွေကို ဦးတည်ပြီး လုပ်ဆောင်လာတာသည် နောက်ကွယ်မှာ ယခင်ကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ် ဖြစ်စေဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး မတည်ငြိမ်ဖြစ်စေဖို့အတွက် လုပ်ဆောင်နေ တဲ့ နောက်ကွယ်က အင်အားစုများပါတယ် ဆိုတာကို ကျွန်တော်တို့ အားလုံးက ဂရုစိုက် ရမှာဖြစ်ပါတယ်။ အားလုံးက နားလည် သဘောပေါက်ပြီး ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်နိုင်ရေး စီစဉ်ရမှာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း AA အဖွဲ့သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ကမ္ဘာ့အမွေ အနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်သုံးစီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေးယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုး ရေးပိုင်ယာဉ်များ၊ သာသနာရေးဌာနပိုင် ယာဉ်များ၊ စုစုပေါင်းကိုးစီးကို လက်နက်ငယ်နှင့် ခြိမ်းခြောက်ရယူသွားပြီး ၎င်းင်းတို့အဖွဲ့ အတွက် အသုံးပြုနေကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက "ယခုအချိန်မှာ ရခိုင်ပြည်နယ် အတွင်းမှာ တချို့နေရာ တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိတယ်။ ရဲစခန်းတွေကို ဝင်ရောက်သိမ်းပိုက်ခဲ့တာတွေ ရှိတယ်။ မြို့ရွာ တွေကို အကြောင်းမဲ့ပစ်ခတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ယခင်ကတည်း က အစဉ်အဆက် ကောင်းကျိုးမပေးတဲ့ AA အဖွဲ့ဟာ ၎င်းအဖွဲ့ နဲ့ပတ်သက်ပြီး သူတို့ပြောနေသလို ရခိုင်ပြည် သူလူထုအတွက် ရခိုင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုတာသည် ဟုတ်ပါ့ မလားဆိုတာကို သေချာလေး နက်စွာ စဉ်းစားကြဖို့ လိုတယ်လို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။

 

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43925

© 2022 - 2025 News. All Rights Reserved.