၂၀၂၃၊ မတ်လ ၁၇
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကုမ္ပဏီသုံးခုပူးပေါင်း အကောင်အထည်ဖော်မည့် ဂွလေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်ထုတ်လုပ်နိုင်မှုဓာတ်အားမှာ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိရသည် ။
ဂွလေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် Primus Advanced Technologies Limited (PRIMUS)နှင့် ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited (AED)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd ကုမ္ပဏီသုံးခုတို့က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းကို တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လေအားလျှပ်စစ်စီမံကိန်းဖြစ်၍ အမြန်ဆုံးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သွားရန်လိုအပ် ကြောင်း မတ်လ ၁၂ ရက်က စီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းဟန်ကပြောကြားခဲ့သည်။
ထို့အပြင်လေအားလျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းကိ ရိယာများ စီမံကိန်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရာတွင် လုံခြုံစိတ်ချ၍ ခံနိုင်ရည်ရှိစေရေး၊ စီမံကိန်းချဉ်းကပ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်၊ နောင်တွင်ထပ်မံဆောင်ရွက်ရန် အလားအလာရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနေရာများရှိသည့်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်းများကိုလည်း ကြိုတင်မျှော်မှန်းပြီး စီမံဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း ထုတ်လုပ်မှုနှင့်သယ်ယူနိုင်မှုတို့ကို ဟန်ချက်ညီဆောင်ရွက်သွားရန်၊ ရခိုင်ဒေသအရင်း အမြစ်များတွင် လေအားနှင့်ထုတ်လုပ်သည့် အရင်း အမြစ်များရှိသဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
အဆိုပါ ‘ဂွ’ လေအားလျှပ်စစ်စီမံကိန်း၏ ပထမအ ဆင့်(၅၀) မဂ္ဂါဝပ်ကို ယခု၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းစတင်နိုင်ရေး ကုမ္ပဏီများ အနေဖြင့် အား သွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က တိုက်တွန်းပြောကြားထားသည်။