Breaking

ကုလသမဂ္ဂနှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များတွေ့ဆုံ၊ မြန်မာကိုယ်စားလှယ်ပါဝင် တက်ရောက်

၂၀၂၄ ၊ မတ် ၂၀
    အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီနှင့် ကုလသမဂ္ဂတွေ့ဆုံပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
    မတ်လ ၁၅ ရက်က အာဆီယံ ဥက္ကဋ္ဌ လာအိုအမြဲတမ်းကိုယ်စားလှယ်H.E. Bovonethat DOUANGCHAK ဦးဆောင်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီနှင့် ကုလသမဂ္ဂတို့တွေ့ဆုံပွဲ (ASEAN-United Nations Interface) အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဘက်မှ ကိုယ်စားလှယ်များနှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
    တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် ၂၀၂၅ (ASEAN Community Vision 2025) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပန်းတိုင်များ ၂၀၃၀ (2030 Agenda for Sustainable Development) တို့ကို အကောင်အထည်ဖော်ရာ၌ အပြန်အလှန် လိုက်လျောညီထွေမှု ရှိစေရေးအတွက် အာဆီယံအသိုက်အဝန်း ဖော်ဆောင်ရာ၌ ဖြစ်ပေါ်တိုးတက်မှုများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ အရှေ့တောင် အာရှဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
    တွေ့ဆုံဆွေးနွေးပွဲသည် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံဖြစ်သည့် အာဆီယံ-ကုလသမဂ္ဂလုပ်ငန်းအစီအစဉ် (ASEAN UN Plan of Action) အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်ရန်အတွက် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။ 

Total Views ~ 179

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.