ရန်ကုန်၊ အောက်တိုဘာ ၃၀
ကေဗွီ ၅၀၀ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ခြင်းအပါအဝင် စီမံကိန်း တစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံ ကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့ လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းကို သွားရောက်စစ်ဆေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားအမြန်ပို့လွှတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအလိုက် ခွဲခြားပြီး ဆောင်ရွက်ရန်၊ လူအင်အား၊ ယန္တရားနှင့် စက်အင်အားများ တိုးချဲ့ပြီး အဆိုင်းစနစ်ဖြင့် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး သတိအသိ အမြဲရှိစေရေး၊ လုပ် ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြု စေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံး မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အား ခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ကေဗွီ ၅၀၀ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံ(မြောက်ပိုင်း) မှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံ(တောင်ပိုင်း)သို့ ဗို့အားပြည့်၀ တည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကေဗွီ ၅၀၀ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ကေဗွီ ၂၃၀ ဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်မည်ဟု သိရသည်။ ထူးမြတ်