၂၀၂၃ နိုဝင်ဘာ ၂၀
ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့်အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုသည်ထက် ပိုမိုရောက်ရှိလည် ပတ်နေခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုမို ဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း ထုတ် ပြန်ထားသည်။
ဘဏ်များမှငွေများကို လိုသည် ထက်ပိုမို ထုတ်ယူခြင်းသည် မည်သည့်ရည် ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာ တွင် သုံးစွဲသည် စသည့် သံသယဖြစ်ဖွယ် အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်းခံရနိုင်ဖွယ်ရှိ ကြောင်း၊ လက်ရှိအခြေအနေတွင် ဘဏ်များ တွင် ငွေသားများအလုံ အလောက်ရှိနေပြီး ဗဟိုဘဏ်ကလည်းဘဏ် အသီးသီးထံသို့ ငွေသားများ ပံ့ပိုးပေးရန် အသင့်ဆောင်ရွက် ထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအ တိုင်း ရယူသုံးစွဲကြပါရန် အသိပေးသတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ် သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင် မှုပေးသည့် Core Banking System အသုံး ပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့်အခြေ အနေမျိုးဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန် ဆောင်မှုများရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့်ပေးေချခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန် ဆောင်မှုပေးလျက်ရှိပြီး ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများသည်မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။