၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
လူမှုကွန်ယက်စာမျက်နှာများတွင် နိုင်ငံတော်အစိုးရကပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သတ်၍ ကောလာဟလများ ဖြန့်ချိနေသော်လည်း အခြေခံပညာအဆင့် စာမေးပွဲများအပြီး ပြည်တွင်းခရီးသွားလာသူများပြားလာကြောင်း ရန်ကုန်မြို့ အခြေစိုက် ပြည်တွင်းခရီးသွားလုပ် ငန်းများမှ သိရသည်။
လူမှုကွန်ယက်ပေါ်၌ သတင်းမှား များဖြန့်ချိမှုကြောင့် ပြည်တွင်းခရီးသွားများမှာ မူလက ပြည်တွင်းခရီးစဉ်များအတွက် ကြိုတင်လက်မှတ်မှာ ယူမှုနည်းပါးခဲ့သော်လည်း အခြေခံပညာအဆင့် စာမေးပွဲများပြီး ဆုံးချိန်တွင် မိသားစု အပန်းဖြေခရီးများ၊ ဘုရားဖူးခရီးစဉ်များ သွားလာမှုပြန်လည်များ ပြားလာကြောင်း ပြည်တွင်း အပန်းဖြေခရီးစဉ် ဝန်ဆောင်မှုပေးနေသည့် ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
"အရင်ရက်တွေကတော့ ကြိုတင်လက်မှတ်တွေ ဝယ်ယူတာတွေ မလုပ်ဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်။ နောက်တော့လည်း ကောလဟလတွေ သတင်းမှားတွေဆိုတာသိတော့ ကျောင်းပိတ်ရက် ခရီးစဉ်တွေကို လိုက်လာကြတယ်။ လောလော ဆယ် ခရီးသွားတွေများတာကတော့ မန်းရွှေ စက်တော်နဲ့ ပုဂံခရီးစဉ်တွဲပြီး ခရီးစဉ်ကို အသွားများတယ်။ နောက်ခရီးစဉ်ကတော့ တောင်ကြီး၊ အင်းလေး၊ ပင်းတယ ခရီးစဉ်ပေါ့။ မွေတော်ကက္ကူနဲ့ ထန်စမ်းဂူကတော့ လုံခြုံရေးအရမပို့ဘူးကျန်တဲ့ နေရာစုံရောက်မယ်ဆိုတော့ ခရီးသွားတွေကတော့ စိတ်ဝင်စားကြပါတယ်"ဟု ခရီးသွားလုပ်ငန်း တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းခရီးသွားများအား နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဘုရားဖူးခရီးစဉ်များ သွားလာခြင်း၊ ခရီးစဉ်ဒေသ အသီးသီးသို့ သွားလာလည်ပတ်ခြင်း အပါအဝင် တစ်ပိုင်တစ်နိုင် ခရီးစဉ် ပို့ဆောင်ပေးနေသော လုပ်ငန်းများ ဖွံ့ဖြိုး လာပါက ခရီးသွား လုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း(MSMEs)များ အပါအဝင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြည်တွင်းဘုရားဖူးခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိအ မှတ်ပြု လက်မှတ်လျှောက်ထားနိုင် မည့် စံလုပ်ငန်းစဉ်(SOP)များကို သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ဆောင် မှုပေးလျက်ရှိသော ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများအား ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများမှစိစစ်၍ လုပ်ငန်းလိုင်စင်များ ထုတ်ပေး လျက်ရှိပြီး ခရီးသွားလုပ်ငန်းများ အဆင်ပြေစေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်ပိုင်တစ်နိုင် ဝန်ဆောင်မှုပေးလျက် ရှိသော လုပ်ငန်းငယ်များ တရားဝင်အသိအမှတ်ပြုနိုင်ရေး လုပ်ငန်းစဉ်များ တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် တိကျသည့် စံလုပ်ငန်းစဉ် (SOP) ရေးဆွဲ အတည်ပြုထားရှိ ပြီးဖြစ်ကြောင်း သိရသည်။