၂၀၂၃ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)တရုတ် -မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်ရှိ အဆောက်အအုံတစ်ခုအတွင်း အွန်လိုင်းငွေလိမ်လည် လုပ်ငန်းများ လုပ်ကိုင်သည့် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ် ဂိုဏ်းတစ်ခု ကို နိုဝင်ဘာ ၂၃ ရက်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA မှ ဝင် ရောက်ဖမ်းဆီးကာ တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ကြောင်း ယင်းအဖွဲ့၏ထုတ် ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဖမ်းဆီးမှုတွင် တရုတ်နိုင်ငံသား ၈၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၈ ဦး စုစုပေါင်း ၁၁၆ ဦးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် (Destop Computer) ၁၄၅လုံး၊ ဖုန်း ၂၀၄လုံး တရုတ်ငွေ ယွမ် ၁၉၁၅၀၊ မီးခံသေတ္တာတစ်လုံး၊ (Lnad Cuniser) ကားအမျိုးအစားတစ်စီးတို့ဖြစ်ပြီး ၎င်းင်းထဲမှ တရုတ်နိုင်ငံ သား ၈၈ ဦးကို နိုဝင်ဘာ ၂၃ ရက်တွင် တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ ကျန်ရှိနေသေး သည့် မြန်မာနိုင်ငံသား ၂၈ ဦး SSPP/SSA မှ အရေးယူသွားမည်ဟု ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ် ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ နို ဝင်ဘာ ၂၆ ရက်တွင် နယ်စပ်ဒေသများ၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင် ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံ သား အမျိုးသား ၅၈၀ ၊ အမျိုးသမီး ၆၈ ၊ စုစုပေါင်း ၆၄၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းကြောင့် အောက်တိုဘာ ၃၁ ရက်မှ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသား အမျိုးသား ၇၈၄၆ ဦး၊ အမျိုးသမီး ၇၉၅ ဦး၊ စုစုပေါင်း ၈၆၄၁ ဦးတို့ကို ဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။