ကျားဖြူပါတီ (SNDP) ၏ ဗဟိုဌာနချုပ်ရုံး ရန်ကုန်မြို့ သာကေတတွင် ဖွင့်လှစ်မည်

ရန်ကုန်၊ မေ ၁၄ 
    ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ- SNDP)၏ဗဟိုဌာနချုပ်ရုံးကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
    ဗဟိုဌာနချုပ်ရုံးကို ရန်ကုန်မြို့ သာကေတမြို့နယ် (၅) ရပ်ကွက်ရှိ ရှစ်ထပ် လုံးချင်းကွန်ဒို၌ မေ ၁၈ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျားဖြူပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ကျားဖြူပါတီ SNDP သည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီအဖြစ် UEC ၏ ကြေညာချက်အမှတ်(၃၃/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်မှ စတင်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသောပါတီ ဖြစ်သည်။ ထို့အပြင် ယင်းပါတီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပါတီရုံးပေါင်း ၁၇၀ အထိ ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
    လက်ရှိအချိန်အထိ  ရန်ကုန်တိုင်း ဒေသကြီးတွင် အလုံ၊ တိုက်ကြီး၊ အင်းစိန်၊ သန်လျင်၊ ဒဂုံမြို့ သစ် (တောင်ပိုင်း) စသည့် မြို့နယ်များ အပါအဝင်၊ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်၊ ပဲခူး မြို့၊ ဝေါမြို့နယ်တို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုလုံး ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ကျားဖြူပါတီမှ ထုတ်ပြန်ထားသည်။ ညီသစ် 

Total Views ~ 1

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43780

© 2022 - 2025 News. All Rights Reserved.