Breaking

ကျိုက္ခမီဆုတောင်းပြည့် ဆံတော်ရှင်မြတ် ဘုရားပွဲတော်အား  ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

၂၀၂၃ အောက်တိုဘာ ၃
    မွန်ပြည်နယ်ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဗုဒ္ဓပူ ဇနိယပွဲတော် အား  အောက်တိုဘာ ၂၈ ရက် မှ နိုဝင်ဘာ ၃ ရက်ထိ ခုနစ်ရက်တိုင်တိုင် စည်ကားစွာသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
    တစ်နည်းအားဖြင့် မြန်မာသက္က ရာဇ်အရ သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၅ ရက်အထိ၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ရုံးပိတ်ရက်များအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ 
    ဗုဒ္ဓပူဇနိယပွဲတော် အကြိုအဖြစ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်ဖြစ်ကာ ပြီးနောက်တွင် မဟာ ပဋ္ဌာန်းအောင်ပွဲအဖြစ် ဗုဒ္ဓပူဇနိယပွဲတော်ကို စတင်ကျင်းပမည်ဖြစ်သည်။
    သီတင်းကျွတ်လပြည့်နေ့၌ ရေ လယ်ဘုရား ကုန်းတော်ပေါ်ရှိ သာသနာ့ဗိ မာန်တော်အတွင်း အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနှင့် ဆွမ်းအိုးမျှောပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
    ပွဲတော်အတွင်း ခြင်းလုံးပညာရှင် အမျိုးသမီးငယ်လေးများမှ ခြင်းလုံးအလှ ခတ်။ ရွဲလုံး အလှကစားခြင်း၊ အလွတ်တန်း ဘောလုံးပြိုင်ပွဲများနှင့် ဇာတ်သဘင်ပွဲများကိုလည်း သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ ၅ ရက်အထိ ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
    လွန်ခဲ့သည့်နှစ်များက ကပ်ရောဂါ ဘေးကြောင့် ပျော်ပွဲရွှင်ပွဲများ ရပ်နားကာ ဗုဒ္ဓပူဇနိယ ပွဲတော်အား အကျဉ်းချုံး၍သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများကို  ပြန်လည်ထည့် သွင်းကျင်းပခြင်းဖြင့် စည် ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ဂေါပက အဖွဲ့မှဆိုသည်။

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43827

© 2022 - 2025 News. All Rights Reserved.