ကျောက်တော်မြို့နယ်၊ လှညိုကန်ကျေးရွာ စာသင်ကျောင်းတွင်  AA အဖွဲ့က   အနီးအနားကျေးရွာများမှ ကျန်းမာရေး မကောင်းသူ ဒေသခံပြည်သူများအား ဆေးကုသပေး

၂၀၂၃ ၊မတ်လ ၁၈

ကျောက်တော်မြို့နယ်၊ လှညိုကန်ကျေးရွာရှိ စာသင်ကျောင်းသို AA လက်နက်ကိုင်အဖွဲ့များရောက်ရှိလာပြီး အနီးအနားကျေးရွာများမှ ကျန်းမာရေးမကောင်းသူ ဒေသခံပြည်သူများအား ဆေးကုသပေးခဲ့ကြောင်းသိရသည်။

ယမန်နေ့ (မတ်လ ၁၇ )မွန်းလွဲ ၁ နာရီခန်တွင် ကျောက်တော်မြိုနယ်၊ င/တပေါင်း ကျေးရွာအုပ်စု၊ ဆန်သစ်ပြင်ကျေးရွာ၌ ယာယီအခြေပြုလှုပ်ရှားလျက်ရှိသော AA လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ မင်းမင်းနိုင်၊ အရာခံ အဆင့်ရှိ မနန္ဒာဝင်းပါအင်အား ၈ ဦးအဖွဲ့သည် ယူနီဖောင်းများဝတ်ဆင်ပြီး ဆိုင်ကယ် ၄ စီးဖြင့် ကျောက်တော်မြိုနယ်၊ လှညိုကန်ကျေးရွာရှိ စာသင်ကျောင်းသိုရောက်ရှိလာပြီး အနီးအနားကျေးရွာများဖြစ်သည့် မင်းသားဆိပ်ကျေးရွာ၊ ကျောက်ဆည်ကျေးရွာ၊ ငါးယောက်ကိုင်းကျေးရွာ၊ င/တပေါင်း ကျေးရွာတိုမှ ကျန်းမာရေးမကောင်းသူ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၈၁ ဦးအား သွေးပေါင်ချိန်တိုင်းခြင်း၊ သောက်ဆေးများပေးခြင်း၊ ဆေးထိုးပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ယင်းနေ့ ည‌နေ ၄နာရီခွဲခန့်တွင် လာရာလမ်းအတိုင်း ဆန်သစ်ပြင်ကျေးရွာဘက်သို ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

Total Views ~ 294

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43349

© 2022 - 2025 News. All Rights Reserved.