၂၀၂၃၊ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြိုနယ်၊ ကညင်ကျိုးကျေးရွာရှိ MYTEL တာဝါတိုင်အား အကြမ်းဖက်သမား များက ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးကာ ကျေးရွာချင်းဆက် တာဘောင်လမ်းပေါ်၌ လက်လုပ် မိုင်းတစ်လုံးထောင်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ကျောက်တံခါးမြိုနယ် စစ်တောင်းမြစ်ကမ်းခြေရှိ ကညင်ကျိုး ကျေးရွာ လယ်ကွင်းအတွင်း စိုက်ထူထားသည့် MYTEL တာဝါတိုင်အား အကြမ်းဖက်သမားများက ဒေသန္တရ လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ပြေးစဉ် ကညင်ကျိုးကျေးရွာနှင့် လက်ခံကျေးရွာ သွားတာ ဘောင်လမ်းဘေး၌ လက်လုပ်မိုင်းတစ်လုံးထောင်ထားခဲ့သဖြင့် အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လမ်းသွားလမ်း လာ ကညင်ကျိုးကျေးရွာနေသူများဖြစ်သည့် မောင်ရန်ပိုင်စိုး (၁၆) နှစ်နှင့် မနန်းရွှေရည် (၂၀) နှစ်တို ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
MYTEL တာဝါတိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်တွင် တပ်ဆင်ထားသည့် လိုင်းလွှင့်စက် ၃ လုံး၊ ပါဝါကြိုး ၁ ချောင်း ၊ ပစ္စည်းကန့်ဘောက် ၁ လုံး၊ Power Cable ကြိုးများ၊ မီးစက် ၁ လုံး၊ ဘက္ထရီများပျက်စီး၊ Cahinet များပျက်စီးဆုံးရှုးခဲ့ပြီး၊ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေးတပ်ဖွဲဝင်များက ဆေးကုသမှုခံယူနိုင်ရေး ပဲခူးပြည်သူ့ဆေးရုံကြီးနှင့် ကညင်ကျိုးတိုက် နယ်ဆေးရုံတိုသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။