ကျောက်တံခါးမြိုနယ်ရှိ လျှပ်စစ်မဟာဓာတ်အားလိုင်းတိုင်တစ်ခုကို PDF အကြမ်းဖက်သမားများကေ ဖာက်ခွဲဖျက်ဆီး

၂၀၂၃ ၊ ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြိုနယ်အတွင်းရှိ အမှတ်(၂) မဟာဓာတ်အားလိုင်းမှ တိုင်အမှတ် (၂၄၄) အား ယမန်နေ့ ဇန်နဝါရီ ၁နံနံက်ပိုင်းက PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမား များက ဒေသန္တရလက်လုပ်မိုင်း ၂ လုံးထောင် ဖောက်ခွဲဖျက် ဆီးခဲ့သည့်အတွက် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် တိုင်အမှတ် (၂၄၄) အောက် ခြေရှိ ထောက်တိုင် ၂ တိုင်ကျိုးကာ တာဝါတိုင်မှာ အနောက်ဘက်သို တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။

ထိုအပြင် တာဝါတိုင်အောက်ခြေ၌ အကြမ်းဖက်သမားများ ထောင်ထားပြီး မပေါက်ကွဲသေးသည့် ဒေသန္တရလက် လုပ်မိုင်း တစ်လုံးတွေ့ရခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲဝင်များကဖယ်ရှားရှင်းလင်းခဲ့ရပြီးအကြမ်း ဖက်သမား များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ် တာဝါတိုင်အား ပြန်လည်ပြင်ဆင်နိုင်ရေး လုံခြုံရေးတပ် ဖွဲဝင်များက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.