Breaking

ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် ဝယ်ယူလိုသူများ အာမခံစပေါ်ငွေများ ကြိုတင်ပေးသွင်းရ မည်

၂၀၂၃  အောက်တိုဘာ ၉
    နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်‌ရောက် ဝယ်ယူလို သူများ ကျောက်မျက်အတွဲ အမျိုးအစားအလိုက် အာမခံစပေါ်ငွေများကို ကြိုတင်ပေးသွင်းရ မည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။
    ကျောက်အတွဲအမျိုးအစားအလိုက် အနည်းဆုံးပေးသွင်းရမည့် အာမခံ စပေါ်ငွေနှုန်းထားနှင့် ဝယ်ယူခွင့်ပြုမည့် ကျောက် အတွဲတန်ဖိုးများမှာ ကျောက်မျက် အတွက် အာမခံစပေါ်ငွေ ဒေါ်လာနှစ် ထောင်နှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာနှစ် သောင်း၊ ကျောက်စိမ်း (A) အုပ်စုအတွက် အာမခံစပေါ်ငွေ ဒေါ်လာငါးသောင်းနှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာငါးသိန်း၊ ကျောက် စိမ်း (B) အုပ်စုအတွက် အာမခံ စပေါ်ငွေ ဒေါ်လာနှစ်သောင်းနှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာနှစ်သိန်း၊ ကျောက်စိမ်း (C) အုပ်စုအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၅၀နှင့် ဝယ်ယူခွင့်တန်ဖိုး ဒေါ်လာသိန်း ၅၀၀ သတ် မှတ်ထားသည်။
    အာမခံစပေါ်ငွေများကို ဒေါ်လာ နှင့်ညီမျှသော ယူရိုငွေ၊ ယွမ်ငွေနှင့် ထိုင်း ဘတ်ငွေတို့ဖြင့်လည်း ပေးသွင်းနိုင်မည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတ်မှတ်ထားသည့် "အာမခံ စပေါ်ငွေပေးသွင်းရမည့် ငွေလဲလှယ်နှုန်း" ဖြင့် ပေးသွင်းရမည်ဖြစ်ကာ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတ်မှတ်ထားသည့် 'ကျောက်တန်ဖိုး ငွေပေးချေရမည့် ငွေလဲလှယ်နှုန်း'ဖြင့် ပြန်လည်သတ်မှတ်၍ ဝယ်ယူရမည်ဟုသိရသည်။
    ဝယ်ယူမည့် ကျောက်အတွဲအမျိုး အစားအလိုက် အာမခံစပေါ်ငွေများအား ကျောက်မျက်အ တွက် အောက်တိုဘာ ၂၂ ရက်၊ ကျောက်စိမ်း (A) နှင့် (B) အုပ်စုအတွက် အောက်တိုဘာလ ၂၃ ရက်နှင့် ကျောက်စိမ်း (C) အုပ်စုအတွက် အောက်တိုဘာလ ၂၆ ရက်တို့တွင် အာမခံစပေါ်ငွေ ပေးသွင်းရမည် ဖြစ်ပြီး ငွေပေးချေရန် ပျက်ကွက်ပြီး ငွေပေးချေရန် ကျန်ရှိသည့် ကျောက်အတွဲရာ ခိုင်နှုန်း၊ ကျောက်တန်ဖိုး ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကို အာမခံစပေါ်ငွေသိမ်း ယူခြင်း၊ ရာခိုင်နှုန်း ၂၀ မှ ၄၀ အထိ အာမခံ စပေါ်ငွေသိမ်းမည့်အပြင် ပွဲတက်ရောက်ခွင့် တင်ပြလာပါက ကျောက်အတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင် ရမည်ဟုသိရသည်။
    ရာခိုင်နှုန်း ၄၀ မှ ၆၀ အထိ (သို့ မဟုတ်) ကျောက်အတွဲတန်ဖိုး ယူရိုလေး သိန်းမှ ခြောက်သိန်းအထိကို အာမခံစပေါ် ငွေသိမ်းယူခြင်းနှင့် ပွဲတက်ခွင့်^ဝယ်ယူခွင့် တစ်ကြိမ်ပိတ်ပင်ခြင်း၊ ရာခိုင်နှုန်း ၆၀ မှ ၈၀ အထိကို (သို့မဟုတ်) ယူရို ခြောက်သိန်းအ ထက်မှ ရှစ်သိန်းအထိကို အာမခံစပေါ်ငွေ သိမ်းယူခြင်းနှင့် ပွဲတက်ခွင့်/ဝယ်ယူခွင့် နှစ် ကြိမ်ပိတ်ပင်ခြင်း၊ ရာခိုင်နှုန်း ၈၀ မှ ၁၀၀ အထိ (သို့မဟုတ်) ယူရို ရှစ်သိန်းနှင့်အထက်ကို အာမခံစပေါ်ငွေသိမ်းယူခြင်းနှင့် ပွဲတက် ခွင့်/ဝယ်ယူခွင့် သုံးကြိမ်ပိတ်ပင်ခြင်း ဆောင်ရွက်သွားမည်အပြင် ကျောက်တွဲအရေအ တွက်ရာခိုင်နှုန်းနှင့် ကျောက်အ တွဲတန်ဖိုး အပေါ်မူတည်၍ ပြပွဲဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။
    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန် မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တို ဘာ ၂၀ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများအား အဓိကရောင်းချရန်စီစဉ်ထား ကြောင်း သိရသည်။

 

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43837

© 2022 - 2025 News. All Rights Reserved.