ကျောင်းဖွင့်ရာသီ မဟုတ်ခြင်း၊ အခြေခံပညာကျောင်းများကို အသုံးချ၍ အကြမ်းဖက်အဖွဲ့များ၏ လက်နက်ခဲယမ်းများ ပြုလုပ်မှုနှင့် ဆက်စပ်ပြီး အိုးထိမ်းကွင်းရွာဖြစ်စဉ်အပေါ်  ပြည်သူများ သံသယရှိနေ

ရန်ကုန်၊ မေ ၁၄
    ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာ စာသင်ကျောင်းအား လုံခြုံရေးတပ်ဖွဲ့များက ဗုံးကျဲတိုက်ခိုက် ခြင်းကြောင့် ကလေးသူငယ်များ သေဆုံးရကြောင်း တရားမဝင်မီဒီယာများက သတင်းမှားထုတ်လွှင့် ခဲ့ရာ ယခုအချိန်ကာလမှာ ကျောင်းဖွင့်ရာသီ မဟုတ်ခြင်းနှင့် မကြာသေးခင်ကာလက ယင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို အသုံးပြု၍ အကြမ်းဖက်အဖွဲ့များက လက်နက်ခဲယမ်းများ ပြုလုပ်သည့် ရုပ်သံဖိုင်များ၊ သတင်းဓာတ်ပုံများ ပျံ့နှံခဲ့ခြင်းအပေါ် သုံးသပ်၍ ပြည်သူများက ယင်းလက်နက်များပေါက် ကွဲခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။
    အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကို အချို့တရားမဝင် သတင်းဌာနများက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် NUG ကလည်း ကလပ်စတာဗုံး (Cluster) အသုံးပြုခဲ့ကြောင်း အမျိုးမျိုးထုတ်ပြန်ထားပြီး စစ်လက်နက် အတွေ့အကြုံရှိသူများက အပျက်အစီးများနှင့် ကလေးငယ်များ သေဆုံးသည်ဟူသော ဓာတ်ပုံများကြည့်၍ ယင်းသတင်းအပေါ် သံသယဝင်နေကြခြင်း ဖြစ်သည်။ သတင်းဓာတ်ပုံများနှင့် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်အရလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ် မရှိကြောင်း ထုတ်ပြန်ချက်အရ ပြည်သူများက ထိခိုက်မှု ပြင်းအားအပေါ် သံသယရှိနေကြသည်။
    အဆိုပါ တရားမဝင်သတင်းဌာနများ၏ သတင်းမျိုးစုံ ထုတ်ပြန်မှုများအောက်တွင် ပြည်သူများက ယခုရာသီမှာ ကျောင်းတက်ရာသီ မဟုတ်သဖြင့် ကလေးငယ်များကျောင်းသို့ ရောက်ရှိနေခြင်းမှာ မူမမှန်ခြင်း၊ ပေါင် ၅၀၀ ကဲ့သို့ ပြင်းအားဗုံးကြောင့်ဟု မမှန်သတင်းထုတ်ပြန်သော်လည်း ထိခိုက် သေဆုံးသည်ဟူသော သတင်းဓာတ်ပုံပါက လေးသူငယ်များမှာ အကောင်းပကတိရုပ် သွင်များရှိခြင်း၊ အကြမ်းဖက်အဖွဲ့များက အခြေခံပညာကျောင်းများကို အသုံးပြု၍ စစ်လက်နက်များနှင့် ပြင်းအားတိကျစွာ မသိနိုင်သော လက်လုပ်ဗုံးသီးများ၊ လက်လုပ်မိုင်းများ ထုတ်လုပ်ခြင်းတို့အပေါ် မေးခွန်းထုတ် လျက်ရှိသည်။
    အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ လုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ် မဟုတ်သည့်နေရာများအား ဗုံးကြဲတိုက်ခိုက်မှုများမရှိကြောင်း သိရသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များ ပညာရည် မြင့်မားစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်မှာ ပြည်သူများအသိပင်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံ အားပေးမှုမရှိသည့် မြို့နယ်၊ ကျေးရွာများအား လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ပြန်ပေးဆွဲ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်းင်းတို့၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။  ထူးမြတ်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43781

© 2022 - 2025 News. All Rights Reserved.