Breaking

ကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် ပေးခဲ့သော်လည်း အဖျက်အမှောင့်လုပ်ရပ် များကြောင့် မဖွင့်လှစ်နိုင်ခဲ့ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄  ဇန်နဝါရီ ၃၁
    ပညာရေးနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးထားသော်လည်း အဖျက်အမှောင့် လုပ်ရပ်များကြောင့် ဖွင့်လှစ်နိုင်မှုမရှိသည့်အတွက် ကျောင်းသူကျောင်းသူများအနေဖြင့် များစွာ ထိခိုက်နစ်နာခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။
    အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအခြေအနေကြောင့် ဖွင့်လှစ်နိုင်မှုမရှိကြောင်း၊ ဥပမာ အားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့သောမြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာခဲ့ရကြောင်း နစကဥက္ကဋ္ဌက ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
    ထို့အပြင်စာသင်နှစ် တစ်နှစ်နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာ စေခြင်းပင်ဖြစ်စေသည့်အတွက် နစ်နာမှုမရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်၊ အဖျက်အမှောင့် လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိ ဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ညီညွတ်သည့်အားဖြင့် ပညာရေးကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း  ပြောကြားသည်။
    ဆက်လက်၍ မကြာမီ ကျင်းပမည့် အခြေခံပညာစာမေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအားလုံး အထူးအလေးထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ လာမည့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပတော့ မည်ဖြစ်ပြီး အောင်မြင်စွာကျင်း ပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံ ရေးဝာာဝန်ရှိသူများ၊ ရပ်ရွာအကျိုး လိုလား သူများအတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားခဲ့သည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43996

© 2022 - 2025 News. All Rights Reserved.