ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လက်လုပ်သေနတ်များနှင့် ဖောက် ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိ

၂၀၂၃ ၊ ဇန်နဝါရီ ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ နယ်၊ မြကန်ကျေးရွာရှိ အခြေခံပ ညာမူလတန်းကျောင်း၌ KG မှ Grade-5 အထိ ကျောင်းသား/သူ ၁၀၀ ဦးခန့်အား ဆရာ၊ ဆရာမ ၁၀ ဦးတို့က ကြီးကြပ်ပညာသင်ကြားပေးမှုများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ သည် ဆရာ၊ ဆရာမများအား နှောင့် းယှက်ခြိမ်းခြောက်မှုများ ပြုလုပ်၍မောင်းထုတ်ကာ ကျောင်းဝင်းအတွင်း၌ အကြမ်းဖက်အဖွဲ့များ နေထိုင်ကြခြင်း၊အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်းအတွင်း လက်နက်/ခဲယမ်းများထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းမှုကိုရွံရှာမုန်းတီးလျက်ရှိပြီး ကျောင်းဖွင့်လှစ်ပေးရန် လိုလားသော ကျောင်းသားမိဘများ၊အကြမ်း ဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့ချက်အရ ယမန်နေ့(ဇန်နဝါရီလ ၂ )ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း
တိုင်းဒေသကြီး၊ ခင်ဦးမြို့ နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မြကန်)သို့ သွား ရောက် ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်း အတွင်းမှ လက်လုပ်သေနတ်(အရှည်) ၇ လက်၊ လက် လုပ်ပစ္စတို ၁ လက်၊ လက်လုပ် RPG ၃ လက်၊ ၁၂ ဗို့ကျည်၁၄၃ တောင့်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၁ လုံး၊ ယမ်းမဲ  ၂ပိဿာ၊ ဆားကစ်ပြား ၂ ခု၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၃ လုံး၊ ဝါယာကြိုး ၃၀ ပေ၊ နိုင်လွန်ကြိုး
၃၀၀ ပေ၊ ကြေးနန်းကြိုး ၃၀ ပေ၊ ၊ ဆေးထိုးပိုက် ၆ ချောင်း၊ ပြောက် ကျားဦးထုပ် ၈ လုံး၊ပြောက် ကျား အင်္ကျီ ၁ ထည်၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ချိန်းဆော ၁ ခု၊ အင်ဗာတာ ၂လုံး၊ လမ်းလျှောက်စကားပြောစက် ၈ လုံး၊ အားသွင်းခုံ ၂ ခု၊ ဖောက်ခွဲဖျက်ဆီးရေးတွင်အသုံး ပြုမည့် ဆိုင်ကယ်ဘောစေ့ ၅၀ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။
လက်ရှိတွင်  တာဝန်ရှိသူများက ခင်ဦးမြို့ နယ်၊ မြကန်ကျေးရွာရှိ အ ခြေခံပညာမူလတန်း ကျောင်းအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကျောင်းမဖွင့်လှစ်နိုင်ရန် ခြိမ်းခြောက်အကြပ်ကိုင်သူအ ကြမ်းဖက်သမားများအားဖော် ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော် ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ပတ်သက်သော သတင်းများအားလျှို့ဝှက်စွာ ပေးပို့တိုင်ကြားနိုင်ပါကြောင်း အသိပေးထားသည်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.