၂၀၂၃ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊လားရှိုးလေဆိပ်အတွင်း လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက လားရှိုးမြို့၊လားရှိုးလေဆိပ်အတွင်း လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်နေသည့်လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ခရီးသွားလုပ် ငန်းများဖွံ့ဖြိုးတိုး တက်စေရန်၊ဒေသနှင့်ဒေသခံများ ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ လေယာဥ်ပြေးလမ်းအား အဆင့်မြှင့်တင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
"ရေရှည်ကိုမျှော်တွေးပြီး အခုလို လေယာဉ်ပြေးလမ်းကို ဂျက် လေယာဉ်တွေဆင်းသက်နိုင်တဲ့ပြေးလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနေတာပါ"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကို အရည်အသွေး ပြည့်မီစွာ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် လားရှိုးလေဆိပ်အတွင်း လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်နေသည့်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။